ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း( ၁၅)
•••••
" ဘာဖြစ်တာလဲ။"ရုတ်တရက် ယဲ့ဖန်း၏ နားထဲသို့ ဖန်းပေါ်၏ အသံ ဝင်ရောက်လာပြီး သူ၏ ပခုံးကို လာလှုပ်သည်။ ထိုအခါမှသာ ယဲ့ဖန်းက အိမ်မက်က နှိုးထလာသည့်နှယ် သတိဝင်လာတော့ လေသည်။ မည်သူမှ ကျမ်းစာမရွတ်ဖတ် နေခဲ့ပါ။ ဗုဒ္ဓ၏ ဘုရားစာ ရွတ်ဖတ်နေသော အသံများကလည်း မရှိချေ။ ရှေးဟောင်း ဂူဘုရားကျောင်းက ယခင်ကအတိုင်း ဖုန်အပြည့် ရှိနေသေးသည်။ အခြားသူများကလည်း ဘာမှမကြားသလိုသာ ရှိနေသည်။
" ဒါက တကယ်ဘဲ မဟာ မိုးသက်မုန်တိုင်း ဘုရား ကျောင်းလား။"
ယဲ့ဖန်းတွေး နေခဲ့မိသည်။ သူ ယခု ကြားလိုက်ရပြီး မြင်ရသမျှကို ပုံရိပ်ယောင်ဟု ဆိုနိုင်သော်လည်း အစစ်အမှန်ဆန်လွန်းသလို ခံစားနေရပြန်သည်။ ထိုအချက်ကတင် သူ့ကို မှင်သက်သွားစေပြီး ဂရုတစိုက် တွေးတောမိစေသည်။
ယဲ့ဖန်းက လက်ထဲမှ ကြေးနီရောင်မီးအိမ်ကို ကြည့်ပြီးနောက် ဘာမှ ထူးခြားမှု မရှိကြောင်း သိလိုက်ရပြန်သည်။ အချို့သော သင်္ကေတ အချို့ကို ထွင်းထုထားသော်လည်း ဘာမှ ထူးထူး ခြားခြား မဟုတ်ချေ။
" ဆုတောင်းဖျာ ..။ "
ကျောင်းသားတစ်ယောက်က သဲပုံထဲမှ ဆုတောင်းဖျာတစ်ချပ်ကို ထုတ်ယူလာသည်။ အချိန်၏ တိုက်စားမှုက ဆုတောင်းဖျာကို ပျက်စီးစေခဲ့သည်။
ထိုအချိန်၌ပင် အခြားသော ကျောင်းသူတစ်ယောက်ကလည်း စန္ဒာကူးသား ဆုတောင်းပုတီးတစ်ခုကို တွေ့ပြန်သည်။ အပေါ်တွင် ဖုန်က အပြည့် ရှိနေခဲ့သည်။ အချိန်၏ တိုက်စားမှု ဒဏ်ကြောင့်လည်း ပုတီးက မပျက်စီး ခဲ့ချေ။ ဖုန်များကို မှုတ်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ အလင်းက ထွက်ပေါ်လာသည်။
တစ်ချိန်ထဲတွင်ပင် ကိတ်က ဗုဒ္ဓရုပ်ပွားတော်၏ ရှေ့က ဖုန်မှုန့်ထဲမှ တစ်ဝက်သာလျှင် ရှိတော့သော သစ်သားရုပ် အပဲ့ကလေးကို ရှာတွေ့သွားသည်။ အပေါ်တွင်လည်း ဗုဒ္ဓရုပ်ပွားတော် သုံးခု၏ ပုံစံကို ထွင်းထုထားပြီး တည်ငြိမ်ကာ သနားညာတာမှု အပြည့်ပေးစွမ်းမည်ဆိုသော ခံစားချက်မျိုးကို ရသည်။
YOU ARE READING
ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)
Adventureနဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန် ပြင်းပြသော ဆန္ဒသည် ထိုသူတို့အား ရှေးနတ်ဘုရား ဖြစ်ရန် ကျင့်ကြံသော လမ်းဆီ တွန်းအားပေးကာ ရောက်ရှိစေခဲ့သ...