ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း ၁၇
•••
"အဲ့ဒါက ဘာလဲ မင်း မြင်လိုက်လား။ "ဖန်းပေါ်က ဝင်မေးသည်။ သူကိုယ်တိုင်ကလည်း ပြဿနာ အရင်းအမြစ်ကို ရှာတွေ့ချင်နေသည်။ သူက ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် နေတတ်သော်လည်း အရေးကြီးသော အချိန်မျိုးတွင် အလွန်တည်ငြိမ် နေတတ်လေသည်။
"ငါ ဘာမှ မတွေ့ခဲ့ရဘူး။ ငါ ခံစားရတာက ငါ့ခန္ဓာကိုယ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါ တစ်ခုက လွှမ်းခြုံလိုက်တယ် ဆိုတာဘဲ။ နောက်တော့ ခေါင်းလောင်းက စတုန်ခါလာတော့တာ။ "
ထိုအချိန်တွင် ဝမ်ကျစ်ဝမ်၏ တစ်ကိုယ်လုံးကို ရွှေရောင်အလင်းက လွှမ်းခြုံနေသေးသည်။ သို့သော် သူကမူ ကြောက်လန့်မှုကိုသာ ခံစားနေရသည်။
ထိုစကားများ ကြားပြီးနောက် ဘုရားကျောင်းထဲမှ ပစ္စည်းများ ပိုင်ဆိုင်ထားခဲ့သော လူတိုင်းကမူ သူတို့၏ လက်ထဲမှ ပစ္စည်းများကို ခပ်တင်းတင်း ဆုပ်ကိုင်ထား လိုက်မိကြသည်။ ထူးခြားသော ထိုပစ္စည်းများကို နတ်ဘုရားများက အသုံးပြုခဲ့လောက်သည်။
ခေါင်းလောင်းကျိုးလေးက တုန်ခါနေခြင်းမှ ရပ်တန့်သွားပြီးနောက် သာယာသော ခေါင်းလောင်သံကလည်း ပျောက်ကွယ်သွားသည်။ တောက်လောင်နေသော ရွှေရောင်မီးတောက်ကလည်း ပျောက်ကွယ်သွားပြီး နဂိုတိုင်း ပြန်ဖြစ်သွားသည်။
" သွားကြစို့။ ငါတို့ ဒီနေရာက အမြန်ဆုံး ထွက်သွားရမယ်။"
ယဲ့ဖန်က လက်ထဲတွင် ကြေးနီရောင်မီးအိမ်ကို ကိုင်ထားပြီး နတ်မီးရောင်ကို လွှင့်ထုတ်လျက် ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံသို့ ဦးတည်သည်။
လူတိုင်းကလည်း အနောက်မှ အနီးကပ် လိုက်ကြသည်။ ကျယ်ပြောသော ကောင်းကင်နန်းတော် အပျက်စီးနယ်မြေ တောက်လျှောက်တွင် မိစ္ဆာ၊ နတ်ဆိုးများက ရှိနေလောက်သည်။ ဤနေရာတွင် နောက်ထပ် ဆက်နေသရွေ့ အန္တရာယ်က ပိုများပေလိမ့်မည်။
" အား"
နောက်ထပ် အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်။ သူတို့က ထိုနေရာ၏ အဆုံးသို့ ရောက်သွားချိန်တွင် ကျောင်းသားတစ်ယောက်က ကျောပေးလျက် လဲကျသွားသည်။ သူ၏ နဖူးအလယ်ကြားတွင်လည်း လက်တစ်ညှိုးစာ အရွယ်စားရှိသည့် အပေါက်တစ်ခု ရှိနေပြန်သည်။
YOU ARE READING
ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)
Aventureနဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန် ပြင်းပြသော ဆန္ဒသည် ထိုသူတို့အား ရှေးနတ်ဘုရား ဖြစ်ရန် ကျင့်ကြံသော လမ်းဆီ တွန်းအားပေးကာ ရောက်ရှိစေခဲ့သ...