ch 13 zawgyi

9 0 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း(၁၃)
•••
"ဒါက..."

သူတို့အားလုံးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင် စိတ်ပျက်မှာကတော့ ရှိစမြဲ။ လူအများ၏ လွှမ်းမိုးမှုကြောင့် အခြားသူများကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ချက်ချင်းလိုလို ကောင်းကင်တွင် လမင်းနှစ်စင်း ရှိနေသည့်အချက်ကို ရှာတွေ့လိုက်ကြသည်။

" ဘယ်လိုဖြစ်နိုင်မှာလဲ။"

လူတိုင်းက မနေနိုင်ဘဲ အော်မိကြသည်။ မွေးရပ်မြေသို့ ပြန်မည့် နောက်ဆုံးသော မျှော်လင့်ချက်က ထိုသို့ဖြင့် အက်ကွဲသွားရသည်။ သူတို့ချစ်ရသောသူများကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မည် မထင်ချေ။

ကျောင်းသူအများစုကမူ အော်ငိုနေကြလေပြီ။ ထိုတခဏတွင်  သူတို့က ကမ္ဘာမြေနှင့် အလွန်ဝေးကွာသော နေရာတွင်ရောက်နေ​သောကြောင့် အိမ်မပြန်နိုင်တော့ကြောင်း သိလိုက်သည်။

" မားစ်။ မားစ်မှာ လနှစ်စင်းရှိတယ်။ ဒါက ငါတို့ကမ္ဘာမြေပေါ်က မြင်ရတဲ့လ လိုမျိုးဖ အတူတူဘဲ...။"

ကိတ်ကလည်း မပီသသော တရုတ်စကားဖြင့်ပြောလာသည်။ 

လွန်ခဲ့သော ဆယ်စုနှစ်များတွင်  အာကာသယာဉ်များမှ မားစ်ဂြိုဟ်၏ တဆင့် အဖိုးတန်သည့် သတင်းအချက်အလက်များကို မြေပြင်ပေါ်သို့ ပြန်ပို့ပေးနိုင်ခဲ့သည်။ လမင်းနှစ်စင်းက မားစ်ဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် လှည့်ပတ်နေပြီး အလွန်ပင် သေးငယ်သော သဏ္ဌာန်ဖြင့် မြင်ရကြောင်း ဖော်ပြထားသည်။ ယင်း လနှစ်စင်းကို ဖိုဘို့စ်(Phobos) နှင့် ဒီမိုစ့်(Deimos) ဟု ခေါ်၏။

သို့သော် မားစ်ကနေ ကြည့်လျှင်မူ ဖိုဘိုစ့်က မြေကမ္ဘာမှ မြင်ရသော လမင်း၏ အရွယ်အစား တစ်ဝက်ခန့်သာမြင်ရမည်။  ဒီမိုစ့်ကမူ ပို၍ သေးပြီး အခြားသော ကြယ်များထက် ပို၍တောက်ပသည်။

ဖိုဘိုစ့် လမင်းထက်မူ သေးငယ်သည်။ ထို့ကြောင့် လမင်းအသေးစားဟုသာ ခေါ်ရပေမည်။

ထို မားစ်နှင့် ပတ်သက်သော ကြားဖူးသည့် အချက်အလက်များအကြောင်း တွေးပြီးနောက် လူတိုင်းက အလွန်စိတ်ပျက်သွားရသည်။ သူတို့ အိမ်ပြန်နိုင်တော့မည် မဟုတ်ကြောင်း ပို၍ သေချာ လာခဲ့ပြီ။ ယခုမူ အိမ်ပြန်လမ်းရှာရန် အချက်က အရေးကြီးဆုံးတာဝန်ဖြစ်လာတော့သည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now