ch 20 U သတ်ဖြတ်မှုများ

11 2 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း - ၂၀
•••
ဂူဘုရားကျောင်းဘက်မှ အရိုးစိမ့်တက်လောက်စေသော ကြောက်မက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှေးဦးသားရဲကြီးတစ်ကောင်က မြေပြင်သို့ ရုန်းတက်လာပြီး ချိတ်ပိတ်စည်းမှ လွတ်မြောက်အောင် ကြိုးစားနေသလို ထင်ရသည်။ ဟိန်းဟောက် လိုက်သည့်အခါ တောင်တန်းနှင့်မြေပြင်ကပင် လှုပ်ခါသွားပြီး ကြယ်နှင့်လများကိုပင် တုန်ခါသွားစေနိုင်၏။ လူတိုင်းကိုလည်း ထိတ်လန့်တကြား ဖြစ်သွားစေပြီး စိတ်ဝိညာဥ် လွင့်ထွက်သွားတော့မတတ် ခြောက်ခြား လာစေသည်။

လူတိုင်းက ချက်ချင်း တိတ်ဆိတ်သွား သော်ငြား အသံကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သဲမုန်တိုင်း အသံကိုသာ ကြားရတော့သည်။

" ဒါက ဘာလဲ။ "

" မားစ်ပေါ်မှာ အခြားသားရဲတွေ ရှိနေတာလား။"

" ဒဏ္ဍာရီအရ ဗုဒ္ဓက နတ်ဆိုးတွေနဲ့ သရဲတွေကို နှိမ်နင်း ချိတ်ပိတ် ခဲ့တယ်လို့ ဖတ်ဖူးတယ်။ အဲ့ဒီနေရာက ဘုရားကျောင်း အနီးအနားမှာ ဖြစ်မယ်။ "

ထိုဆွေးနွေးသံကပင် လူတိုင်းကို တုန်ရီစေသည်။ ခေတ်သစ်မြို့ပြမှ ပြည်သူများ ဖြစ်သည့်အလျှောက် ထိုအရာများကို ဒဏ္ဍာရီများဟုသာ သတ်မှတ်ထားပြီး ဒဏ္ဍာရီများကိုလည်း ဘယ်သောအခါမှ မယုံကြည်ကြချေ။

ဒီနေ့မှသာ မယုံနိုင်စရာကောင်းသော အရာပေါင်းများစွာကို တွေ့ကြုံရလိုက်သည်။ ထိုအချိန်တွင် ပို၍ ကြောက်မက်ဖွယ် ဒဏ္ဍာရီအကြောင်းကို တွေးမိလိုက်ကြပြီး သူတို့၏နှလုံးသားများက မုန်တိုင်းထန်သွားခဲ့သည်။

သူတို့၏ ခန့်မှန်းမှုကသာ မှန်ကန်နေလျှင် သူတို့၏ အခြေနေက ပို၍ကြောက်စရာကောင်းပြီး စိုးရိမ်စရာ အခြေနေ ဖြစ်သွားပေလိမ့်မည်။ မဟာမိုးသောက်မုန်တိုင်းဂူဘုရားကျောင်းက ပြာပုံဖြစ်သွားပြီ။

ထို့ကြောင့် ဗုဒ္ဓလည်း မရှိတော့သလို နတ်ဘုရားလည်း မရှိတော့ချေ။ သူတို့ကသာ ဒဏ္ဍာရီထဲကလို နတ်ဆိုးများကို ရင်ဆိုင်ရမည်ဆိုလျှင် သူတို့၏ ကံကြမ္မာကို စိတ်ကူးယဥ်ကြည့်၍ပင် ရသည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now