Ch 23 zawgyi

7 0 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း ၂၃
.......
အမှောင်ထဲတွင် လူတစ်ချို့က တီးတိုးငြီးနေကြပြီး တစ်ချို့သူများကမူ တုန်ယင်နေကြသည်။ သူတို့က မျက်လုံးကို မှိတ်လိုက်သည့် အချိန်တိုင်း သူတို့၏ နဖူးထိုးဖောက်ခံရကာ သွေးများပန်းထွက်လာသော ဦးနှောက်အပိုင်းအစများ မြင်ကွင်းကိုသာ မြင်နေရသည်။ ထိုအရာက အိမ်မက်ဆိုးနှင့် သရဲတစ်ကောင်တဖွယ် လည်း သူတို့၏ နှလုံးသားထဲတွင် ရစ်ဝဲနေပြန်သည်။

အတန်းဖော်များ၏ ဆိုးရွားသော သေခြင်းကို မေ့ပျောက်ရန် ခက်ခဲနေကြသည်။ ထို့ပြင် ဝမ်းနည်းဖွယ်ကောင်းသော သွေးမြင်ကွင်း အဆုံးအစမဲ့သော စိတ်ပျက်အားငယ်မှု မပိတ်နိုင်သောမျက်ဝန်းများနှင့် ငယ်ရွယ်သော မျက်နှာများက သူတို့၏ရှေ့တွင် အထင်းသား မြင်နေခဲ့ရပြီးဖြစ်သည်။ လေးနှစ်တာကာလပတ်လုံး အတူရှိခဲ့သော အတန်းဖော်များထဲမှ အသက် ဆယ့်သုံးသက်ကို ဆုံးရှုံး လိုက်ရပြီ။

ထို့ပြင် တစ်ရက်ထဲ သေဆုံးသွားခြင်း ဖြစ်လေသည်။ ကြေးနီရောင်အခေါင်းထဲတွင် အလွန်အမင်း မဲမှောင်နေသည်။ သို့သော် တစ်ချို့သော အမျိုးသမီးများက တရှုံ့ရှုံ့ ငိုနေ့ကြသည်။ တစ်ချို့သော အမျိုးသားများကမူ သက်ပြင်းချနေပြသည်။ သူတို့က လွတ်မြောက်ခဲ့သော်လည်း လမ်းကြောင်းက ရှည်လျားကာ ခန့်မှန်းရခက်ခဲ နေသေးသည်။

"နဂါးအလောင်း ကိုးလောင်းက အခေါင်းကို ဆွဲခေါ်သွားမှာပဲ။ ဘယ်နေရာကို ထပ်ရောက်သွားမှာလဲ။ သူတို့ရဲ့ဘုံက ဘယ်နေရာမှာလဲ။"

ထိုနေရာတွင် အလင်း မရှိချေ။ ခါးသီးမှုများသာ ရှိသည်။ ထို့ပြင် နတ်ဘုရားများ လျှောက်သော ရှေးဟောင်းလမ်းကို သူတို့ လိုက်ရမည်လား မသေချာသေးချေ။

နတ်ဘုရားများ၏ ကံကြမ္မာ နတ်ဘုရားများ၏ ဦးတည်ရာက မည်သို့သောနေရာ ဖြစ်ကြောင်းကိုလည်း သူတို့က မသိကျပြန်ချေ။ အချိန်အတန်ကြာပြီးနောက် အခေါင်းကြီးက ရုတ်တရက် ငြိမ်သက်သွားသည်။

မြေကမ္ဘာမှ အချိန်အရဆိုလျှင် ယခုက ညနက်နေလောက်ပြီ။ လူတိုင်းက ပို၍ ပင်ပန်းနွမ်းနယ်နေကြပြီး စိတ်ဓာတ်ကျနေကြကာ အိပ်မောကျသွားကြသည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now