Ch 22 uni

13 1 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း ၂၂
.....
လူတိုင်း၏ စိတ်ဓာတ် အင်အားက ကုန်ခမ်း လုနီးပါးပင်။ ယခုလေးတင် သူတို့၏ ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားတော့မလိုပင် ခံစားလိုက်ရသည်။ ပြိုင်ဘက်ကင်း မိကျောင်းဘိုးဘေး၏ အော်သံထဲတွင် ဖော်ပြရန်ခက်ခဲသော စွမ်းအင်များက အပြည့်ပါ​နေသည်။ ထိုအရာက လူအများ၏ စိတ်ဝိညာဥ်ကိုပင် စုပ်ယူတော့မည်ဟု ခံစားရပေသည်။

ထို့ပြင် ရှေးဟောင်းကြေးနီရောင် အခေါင်းထဲမှာလည်း ထူးဆန်းသော သတ္ထုအသံများက ထွက်လာသေးသည်။ ထို့ကြောင့်သာ မဟုတ်ခဲ့လျှင် လူတိုင်းက သေကောင်းသေ သွားနိုင်သည်။

ဆူနာမီ လှိုင်းလုံး လိမ့်တက်လာသလိုမျိုး ဝမ်းနည်းစရာကောင်းသော အရှိန်အဝါတစ်ခုက လှိမ့်တက်လာသည်။ မြေအောက်လောကမှ လျှပ်စီးလျှပ်သလို ဖြစ်နေပြီး မိုးထစ်ချုန်း ရွာသလို ထွက်နေသော အသံများနှင့်အတူ ရှေ့တိုးလာနေသည့် ကြီးမားထွားကြိုင်းလွန်းသည့် ထိုမိစ္ဆာကောင်ကြီးက ရပ်တန့်သွားသော်လည်း သူ၏အရှိန်အဝါက သဘာဝအလျှောက်ပင် ဖုံးကွယ်၍ မထားနိုင်သေးချေ။ ထိုအရှိန်အဝါက လူတိုင်း၏ စိတ်ဝိညာဥ်ကို တုန်လှုပ်နေစေရန် လုံလောက်နေလေသည်။

ထွက်လာသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ လှုပ်ခါစေနိုင်စွမ်း ရှိသည်။ သဲမုန်တိုင်းကပင် ထိုအရှိန်အဝါကြောင့် ရပ်တန့်သွားခဲ့ရသည်။ အမှောင်ထုထဲတွင် မီးအိမ်လို ကြီးမားနီရဲနေသော မျက်လုံးကြီးတစ်စုံက မျက်တောင်ပင် မခတ် ကြည့်နေသည်။

ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးချေ။ သို့သော် အနက်ရောင်တိမ်စိုင်များက လှိမ့်တက်လာချိန်တွင် လနှင့်ကြယ်ကိုပင် ကာသွားပြီး လောကတစ်ခုလုံးကို အုပ်စိုးတော့သည်။

သူက မချဥ်းကပ်လာရဲသော်လည်း သူ၏ ပြိုင်ဘက်ကင်းသော မိစ္ဆာဘိုးဘေး၏ အရှိန်အဝါကပင် သေမျိုးများအတွက် တောင့်ခံရန် ခက်ခဲလွန်းနေပြီ။ ငါးရောင်ခြယ် ယဇ်ပုလ္လင်ပေါ်မှ လူများကပင် မြေပြင်ပေါ်သို့ လဲကျလုမတက် ဖြစ်ကုန်ကြသည်။ သူတို့၏ လက်ထဲတွင် ကိုင်ထားသော အမွေအနှစ် ပစ္စည်းများကြောင့်သာ မဟုတ်လျှင် ရင်မဆိုင်နိုင်လောက်ချေ။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now