Ch-5(U) ထိုက်တောင်သို့ခရီး

47 8 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း (၅)
...
သူတို့၏ ကျောင်းတော်ကြီးသည် အရင်ကနှင့် ယှဥ်လျှင် ပြောင်းလဲမှုများများစားစား မရှိခဲ့ပါ။ တစ်ခုတည်သော ပြောင်းလဲသွားသည့်အရာသည်က သူငယ်ချင်းများ၏ အကျင့်စရိုက်များပင် ဖြစ်နေခဲ့သည်။ ဤနေရာတွင် လူငယ်ဘဝ ၄ နှစ်တာအတွင်း မမေ့နိုင်သည့် အမှတ်တရများစွာ ရှိနေခဲ့သည်။

သစ်ပင်အရိပ်အောက်တွင် အတူတူကုန်ဆုံးခဲ့သော အချိန်များသည် လက်ရှိအချိန်တွင် အတိတ်များအဖြစ် ကျန်ရှိနေတော့သည်။ အကယ်၍ သူတို့သာ အတိတ်သို့ ပြန်သွားနိုင်ခဲ့လျှင် သေချာပေါက် ဘွဲ့ယူပြီးနောက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို မေ့ဖျောက်ပစ်မည်ဟု တွေးတော့ခဲ့သည်။

ဘွဲ့ယူပြီးသည့်နောက်တွင် အိပ်မက်များနှင့် ဘဝအတွက်ကို ရုန်းကန်ခဲ့ကြရလေသည်။ အချို့မှာမူ မြို့အပြင်သို့ ထွက်သွားခဲ့ကြသည်။ ယဲ့ဖန်နှင့် ကျန်ရစ်ခဲ့သည့်လူ အနည်းစုသာ သူတို့၏ မြို့၌ပင်နေကာ အလုပ်လုပ်ခဲ့ကြလေသည်။

မနီးမဝေးရှိ ရေကန်ငယ်လေးသည် လှိုင်းကြက်ခွပ်များဖြင့် လှပလို့နေခဲ့သည်။ မြင်ကွင်းများသည် ယခင်အချိန်များနှင့် ထပ်တူရှိနေသေးဆဲပင်။ လှပပြီး ရွှင်လန်းတက်ကြွသည့် နေ့ရက်များဆီသို့ ပြန်လည်မြင်ယောင်နေခဲ့ရသည်။ ထိုရေကန်ဘေးတွင် အဖွဲ့လိုက်အတူတူ ဂီတာများတီးကာ သီချင်းဆိုခဲ့ကြသည့် အချိန်များသည် မနေ့တနေ့ကလို ဖြစ်နေသည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် အမှတ်တရများသည် လွတ်လပ်ပေါ့ပါးကာ အပြစ်ကင်းစင်းသောကာလများကို မှတ်မိအောင် လုပ်ဆောင်ပေးနေခဲ့သည်။ ထို့အပြင် ခံစားနေရသည့် ဝမ်းနည်းမှုများသည်လည်း အနည်းငယ်သည်လည်း သူတို့၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အချိန်၏ တိုက်စားမှုသည် အတော်အတန်ပင် ကြမ်းတမ်းကာ လူများအား ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် လူအများစုသည် ဂီတာတီးပြီး သီချင်းဆိုရန် စိတ်မပါတော့ပေ။ ဘွဲ့ရပြီးနောက် ထိုသို့ သော ကိစ္စများကို လုပ်ဆောင်ရန် အချိန်က အလွန်ရှားသွားခဲ့ပြီ။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now