ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း (၁၆)
••••
မိုးကြိုးကျည်ပွေ့ အပြင် အချို့လူများကလည်း အမွှေးတိုင်ခွက်၊ ကြိမ်တံ၊ ကြေးနီခေါင်းလောင်းများနှင့် နွားသရေဖြင့်လုပ်ထားသော ဗုံ စသည့်ပစ္စည်းများကို ပိုင်ဆိုင်ခဲ့ကြသည်။ ထိုသူများထဲတွင် ယဲ့ဖန်းက သနားခဲ့သော အတန်းဖော်သည်လဲ ဖုန်ထဲမှ ပုတီးတစ်ကုံးကို ရှာတွေ့ခဲ့လေသည်။ ခြောက်လုံးသာ ပါသော်လည်း ရွှေဖြူရောင် ဖျော့တော့စွာ တောက်ပနေပြီး စပျစ်သီးရှည် အရွယ်အစားခန့်မျှ ပုတီးလုံးများ ပါနေခဲ့သည်။" ဒါကို စန္နကူး သလင်းနဲ့ လုပ်ထားတာလို့ မပြောနဲ့နော်။" ဘေးနားရှိလူက တအံ့တဩဖြင့် ပြောသည်။
ထိုပုတီးစေ့ ခြောက်လုံးက ရွှေရောင်တောက်ပနေသော ကျောက်ရိုင်းတုံးများနှယ် တောက်ပ နေခဲ့လေသည်။ ထို့ကြောင့် ရှေးဟောင်းဗုဒ္ဓတစ်ပါးက ပရိနိဗ္ဗာန်စံသွားပြီးနောက် ကျစ်ရစ်ခဲ့သောအရာ တစ်ခုဟု သတ်မှတ်နိုင်သည်။ မည်သို့ပင်ဆိုစေ မဟာမိုးသက်မုန်တိုင်းဘုရားထဲတွင် တည်ရှိနေခြင်းဖြစ်ရာ သာမန်မဖြစ်နိုင်ချေ။
ဆုတောင်းပုတီးတစ်ကုံး ဖြစ်စေကာမူအစွမ်းထက်ပေလိမ့်မည်။ ပုတီးကို ကျောက်တုံးဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းထိပ်တွင် မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ပုတီးခြောက်လုံးကို တည်ငြိမ်သောကြိုးဖြင့် တွဲချည်ထားသည်။ ပုတီး တစ်လုံးစီတိုင်းထဲတွင် အမျိုးမျိုးသော ပုံသဏ္ဌာန်ရှိနေသည့် လူသားတစ်ယောက်၏ ပုံရိပ်ကို ထွင်းထုထားသည်။
ဒါက ယဲ့ဖန်၏ ကြေးနီမီးအိမ် နှင့် ကျိုးယိ၏ ဖျော့တော့မှေးမှိန်နေသော သပိတ်ပြီးနောက် ရှာတွေ့သောအရာဖြစ်သည်။ ကြေးနီမီးအိမ်ကမူ လူတိုင်း၏ မျက်စိတွင် အဖမ်းစားဆုံးဖြစ်သည်။ ထိုရှေးဟောင်းမီးအိမ်က ဖုန်တစ်စမှကပ်မနေခဲ့ဘဲ ထာဝရ လင်းလက်တောက်ပနေခြင်း ဖြစ်နေလေရာ မည်သူမဆို ထူးခြားကြောင်း ပြောနိုင်သည်။
ရှေးဟောင်းဂူဘုရားကျောင်း အတွင်းတွင် အချို့သောလူများ၏ လောဘဖြင့် ပူပြင်းသော အကြည့်များက ကြေးနီမီးအိမ်ထံ ရောက်နေသည်။ ယဲ့ဖန်က အာရုံခံမိသော်လည်း မည်သည့်စကားမှ မဆိုချေ။ သူက အားလုံးကို တည်ငြိမ်စွာသာ ရင်ဆိုင်သည်။
YOU ARE READING
ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)
Aventuraနဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန် ပြင်းပြသော ဆန္ဒသည် ထိုသူတို့အား ရှေးနတ်ဘုရား ဖြစ်ရန် ကျင့်ကြံသော လမ်းဆီ တွန်းအားပေးကာ ရောက်ရှိစေခဲ့သ...