Ch 19 U - ဘုရားကျောင်းမှ အသံ

20 1 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း ၁၉
•••
"အခု ဘာတွေဖြစ်သွားလဲ ဆိုတာကို မင်းတို့အားလုံး မြင်လိုက်တာဘဲ။ လူတိုင်းလည်း ဘာဖြစ်မှန်း သေချာသိကြတယ်။"

ယဲ့ဖန်က ဘယ်လက်ဖြင့် ကြေးနီရောင်မီးအိမ်ကို ကိုင်ထားပြီး ညာလက်ဖြင့် ပျက်စီးနေသော နွားသရေဗုံကို ကိုင်ထားသည်။ သူက နောက်မဆုတ်ချေ။ ရှေ့သို့ခြေလှမ်း အနည်းငယ်ပင် လှမ်းလိုက်သေးသည်။ အဲ့ဒီ့နောက် ပြောလာခဲ့သည်။

" ငါ ဒါကိုယူပြီးကတည်းက ပြန်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ "

ကြေးနီရောင်မီးအိမ်မှ ထုတ်လွှင့်လိုက်သော နတ်ဘုရားဆန်သည့် အလင်းတန်းက နေမင်းလောက် မျက်စိကျိန်းမတတ် တောက်ပနိုင်ခြင်း မရှိ။ သို့သော်  လမင်းကဲ့သို့  နူးညံ့သည့် အလင်းကို လွှင့်ထုတ်ပေးနိုင်သည်။

ထိုအရာက မြင့်မြတ်သော နတ်သက်တန့်ရောင်စဥ် အလင်းတန်းလို ကြည်လင်ကာ ခမ်းနားသော အရှိန်အဝါအပြည့် ရှိနေခဲ့သည်။

ထိုအရှိန်အဝါက ယဲ့ဖန်နဲ့ လိုက်ဖက်သည်။ သူနှင့် ထိုအလင်းရောင်က ကိုယ်တိုင်း ကွက်တိကျ ချုပ်ထားသည့်နှယ် တသားထဲ ဖြစ်နေလေသည်။ ထိုနည်းအားဖြင့် သူ့ကို တစ်ခြားသူများက နှစ်လို သဘောကျစိတ် ဖြစ်လာသည်။ နတ်ဝတ်စုံကို ဝတ်ဆင်ထားသည့်အလား တောက်ပနေခဲ့သည်။

ညာဘက်လက်တွင် ကိုင်ထားသော နွားသရေဗုံက ပျက်စီးနေပြီး အရောင်အဝါ ပျောက်ဆုံးနေသည့်တိုင်အောင် လူအုပ်ကလည်း ယခုလေးတွင် ပြသွားခဲ့သော နတ်စွမ်းအားကို မြင်လိုက်ပြီးသား ဖြစ်လေသည်။

ခရမ်းရောင် လျှပ်စီးများကို ထွက်ပေါ်လာနိုင်စေပြီး မိုးခြိမ်းသံကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ ယဲ့ဖန်း၏ လက်ထဲတွင် ကိုင်ထားသော ထိုအရာက ကြောက်စရာ အလွန်ကောင်းသည်။

" လီကျန်းချင်က စကားကို အဆင်ခြင်မဲ့ ပြောတတ်တယ်။ ဒါကြောင့်သာ အခြားသူအပေါ် မြှောက်ပေးသလို ဖြစ်သွားခဲ့တာ ။ ဒီကိစ္စက တကယ်ကို သဘောမကျစရာဘဲ။ ဒါပေမဲ့ ယဲ့ဖန် မင်းက သူ့ရဲ့ အသက်ကယ် ပစ္စည်းကို ယူသွားတာကတော့ လွန်လွန်းအားကြီးသွားပြီ။ "

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now