ဇဗ္ဗူဒီပါတောင်ကျွန်းသခင်အပိုင်း - ၉
•••
" ဘယ်လိုဖြစ်ပြီး နောက်တစ်ယောက်က ပါနေရတာလဲ။"" ဘယ်သူလဲ။ ဘယ်သူလဲ။"
မေးခွန်းမေးသော သူ၏ အသံပင် တုန်ယင်နေ၏။
လူတိုင်း၏ ဆဲလ်ဖုန်းများ မီးလင်းလာပြီးနောက် ပတ်ပတ်လည်ရှိ လူတိုင်းကို အထိတ်တလန့် ကြည့်ကြပြီး ထူးဆန်းသည့် မျက်နှာက ရုတ်တရက် ပေါ်လာမည့်အရေးကို စိုးရိမ်နေကြသည်။
အချင်းချင်း မှတ်မိနေကြပြီးသား လူများကမူ ပူးကပ်နေလိုက်ကြကာ ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်သည်။
ထိုအခိုက် လူတိုင်းကလည်း လူပိုတစ်ယောက်ရှိနေကြောင်းကို သိလိုက်ရသည်။ ထိုသူက သိပ်မဝေးသောနေရာထောင့်နားတွင် ရှိနေသည်။
" ဘယ်သူလဲ။ မင်းက ဘယ်သူလဲ။"
" လူလား။ သရဲလား။"
လျှို့ဝှက်ဆန်းကျယ်အခေါင်းတွင် ရောက်နေပြီးနောက် ဘာမဆို ဖြစ်လာနိုင်လေရာ လူတိုင်းက မသက်မသာခံစားနေရသည်။
ထိုမှောင်မဲသော ထောင့်မှ ချောင်းဆိုးသံ ထွက်လာခဲ့သည်။ အနက်ရောင်ပုံရိပ်က ခန္ဓာကိုယ်ကို လှုပ်ရှားလာပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။ အသံက သြရှနေသည်။
" သ...သရဲ။"
သြရှသောအသံက ကြေးနီရောင်အခေါင်းထဲတွင် ပဲ့တင်င် ထပ်လာသည်။ ထိုအခါ လူတိုင်းက ကျောချမ်းသွားကြပြီး ဆံပင်မွှေးများက ထောင်သွားကြကာ ကြက်သီးမွေးညင်းများပင် ထကုန်တော့သည်။
ရေခဲအခေါင်းထဲသို့ ကျသွားသလို အေးစက်မှုကိုလဲ ခံစားလိုက်ရလေသည်။ အများစုကမူ တုန်လှုပ်ခြောက်ခြားနေကြသည်။ ကျောင်းသူအချို့ဆိုလျှင် စူးရှသောအသံကိုပင် ထုတ်ပြီး တုန်လှုပ်ခြောက်ခြား၍ ကျယ်ကျယ်လောင်လောင် အော်ငိုကြကာ မြေပြင်ပေါ်သို့ ထိုင်ချမိ လုနီးပါး ဖြစ်ကုန်ကြသည်။
" သရဲ ... နေရာ..."
အသံက အနည်းငယ် အားဖျော့နေသည်။ ထိုသူက အလွန်ပင်ပန်းနေပြီး ခန္ဓာကိုယ်ကို မတ်တပ် ထနိုင်အောင်ကြိုးစားသည်
။
" ဘယ်...ဘယ်နေရာက သရဲလဲ။ ငါတို့က ကြေးနီရောင်အခေါင်းထဲမှာ မဟုတ်လား။"
YOU ARE READING
ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)
Aventuraနဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန် ပြင်းပြသော ဆန္ဒသည် ထိုသူတို့အား ရှေးနတ်ဘုရား ဖြစ်ရန် ကျင့်ကြံသော လမ်းဆီ တွန်းအားပေးကာ ရောက်ရှိစေခဲ့သ...