ch7(u)-စတေးခံများ

34 5 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် ယဲ့ဖန်အပိုင်း(၇)
****
ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် ရုတ်တရက် ဆန်လွန်းလှသည်။ သူတို့၏ အရှေ့တွင် မြင်ရသမျှ အရာအားလုံးတို့သည် လူတိုင်း၏ စိတ်ကူးယဥ်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။

"ဒါက."

မည်သူမှ ကိုယ့်မျက်လုံးကို မယုံကြည်နိုင်ကြချေ။ သို့ရာတွင် သူတို့၏ အရှေ့တည့်တည့်၌ နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းတို့က ထင်ထင်ရှားရှားရှိနေခဲ့သည်။ ထိုအရာသည် ငြင်းဆိုမရအောင် ခိုင်မာ မှန်ကန်သော အဖြစ်အပျက် ဖြစ်နေပြန်သည်။

ယခုအဖြစ်အပျက်တိုင်းက သူတို့၏ သာမန်စဥ်းစားနိုင်စွမ်းကို ကျော်လွန်သွားပြီး သူတို့ နားလည်နိုင်စွမ်းထက်လည်း ကျော်လွန်နေခဲ့သည်။

ထို့ကြောင့် လူတိုင်း၏ တွေးတောနိုင်စွမ်းမှာ အလုပ်မလုပ်တော့ပေ။

ယခု ဝရုန်းသုန်းကားဖြစ်သွားသော အချိန်အတောအတွင်း ယဲ့ဖန်းတို့ အဖွဲ့သည် ထွက်မပြေးနိုင်ခဲ့ပါ။ လူတိုင်းက တစ်နေရာတည်းတွင် စုရပ်နေကြပြီး ကျောက်စိမ်း ဧကရာဇ်တောင်ထိပ်က ငြိမ်သက်သွားသည်အထိ စောင့်နေကြသည်။ သူတို့ အားလုံးက မြေပြင်သို့ လဲကျသွားသော်ငြား ကြီးကြီးမားမား ထိခိုက်ဒဏ်ရာများ မရ​ကြ။

လူ အနည်းငယ်ကသာ လက်မောင်းများ ပွန်းပဲ့ကာ ဒဏ်ရာ ရသွားကြသည်။

ထိုအချိန်တွင် သူတို့၏ မျက်နှာများ၌ အံ့ဩမှုများကိုသာ အထင်းသားမြင်နိုင်သည်။ သူတို့၏ ရှေ့တွင် ရှိသော မြင်ကွင်းက သူတို့တစ်ဘဝလုံးတွင် မမေ့နိုင်သောအမှတ်တရပင်တည်း။ ထိုအချက်က ထွက်ပြေးရန်ပင် မေ့လျော့သွားစေတော့သည်။

သူတို့၏ ရှေ့တွင် ကြီးမားသော နဂါး အလောင်းကြီး ကိုးလောင်းက ငြိမ်သက်စွာဖြင့် ရှိနေသည်။ ထို့အပြင် ကြီးမားသော ကြေးနီရောင် အခေါင်းကြီးက ပို၍ပင်အံ့ဩစရာကောင်းသေးသည်။

လူတိုင်းက စကားမပြောနိုင် ကြတော့သည့်အပြင် သူတို့၏ နှလုံးသားထဲတွင် ခံစားချက်များ မုန်တိုင်းထလာတော့သည်။ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့်အမျိုးမျိုးသော ခံစားချက်များက ​ရောပြွန်းနေသည်။ စိတ်ငြိမ်အောင် ကြိုးစားနေရသည့် ထိုအခြေအနေက သူတို့အတွက် အလွန်ခက်ခဲလွန်းလှပေသည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now