ch 11 - zawgyi

10 0 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း - ၁၁
••••
" ငါတို့ ဘယ်ရောက်နေတာလဲ။ ငါ အိမ်ပြန်ချင်တယ်။" မိန်းခလေးတချို့က ငိုနေကြလေပြီ။

" နောက်ထပ် ငါးရောင်ခြယ် ယဇ်ပုလ္လင်ဘဲ။"

ဖန်းပေါ်နှင့် ယဲ့ဖန်တို့က အတူ ယှဉ်ရပ်နေကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခေါင်းခါလိုက် ကြသည်။ သူတို့က တက္ကသိုလ်တွင် အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်ကြ၏။ ဘွဲ့ရပြီးနောက် မကြာခဏတွေ့ဖြစ်နေရာ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းနားလည်သည်။

လက်ရှိအခြေနေတွင် နှစ်ယောက်လုံးက အခြေအနေ မကောင်းကြောင်း သိနေကြသည်။ ဤအခြေအနေကစိုးရိမ်စရာ ဖြစ်​နေသည်။

ထိုအချိန်တွင် အခြားသူများကလည်း ကျယ်ပြောသောကန္တာရဘက်ကို မကြည့်တော့။ ပတ်ဝန်းကျင်ကိုသာ စိုးရိမ်တကြီး စစ်ဆေးနေကြသည်။

သူတို့၏ နောက်တွင် ကြီးမားသော ကြေးနီရောင်အခေါင်းကြီးက ရှိနေပြီး အောက်ဘက်တွင်လည်းခမ်းနားသော ငါးရောင်ခြယ် ကျောက်တုံး ယဇ်ပုလ္လင်ကို မြင်နိုင်သည်။ ထိုက်တောင်ပေါ်က ယဇ်ပုလ္လင်နှင့်အလွန်တူနေပြီး ငါးရောင်ခြယ်ကျောက်တုံးများဖြင့်တည်ဆောက်ထားခြင်း ဖြစ်သည်။

ငါးရောင်ခြယ် ကျောက်တုံး ယဇ်ပုလ္လင်က နေရာအကျယ်ကြီးယူထားကာ တည်ဆောက်ရန် မည်မျှများပြားသော ပစ္စည်းများလိုအပ်မည်ဖြစ်ကြောင်း သိနိုင်သည်။ သို့ရာတွင် သဲမုန်တိုင်းများစွာ၏ တိုက်ခိုက်ခံရပြီးနောက် ယဇ်ပုလ္လင်ကြီးက နီညိုရောင်သဲများ ဖုံးလွမ်းခြင်းကို ခံ​နေရသည်။

ယနေ့တွင် နဂါးကိုးကောင် ဆွဲသော အခေါင်းက မြေပြင်နှင့်ပြင်းပြင်းထန်ထန် ဝင်တိုက်မိသွားသည်။ ထို့ကြောင့် အနားပတ်ဝန်းကျင်ရှိ သဲများအားလုံးက အောက်သို့ကျသွားခဲ့ပြီး ယဇ်ပုလ္လင်၏ အပြင်ပန်း ပုံပန်းသွင်ပြင်က ပေါ်လာခဲ့ခြင်းဖြစ်၏။

ကြီးမားသော ကြေးနီရောင် အခေါင်းကြီးနှင့် နဂါး ကိုးကောင်ပါ ယဇ်ပုလ္လင်ပေါ်တွင် ရှိနေလေသည်။ ထို့ကြောင့် တစ်ချက်ကြည့်ယုံဖြင့်ပင် ငါးရောင်ခြယ်ကျောက်တုံး ယဇ်ပုလ္လင်က မည်မျှကြီးမားကြောင်း သိနိုင်သည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now