Ch 24 uni

26 1 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် အပိုင်း ၂၄
•••••
" ဒါက ယုံတယ် မယုံဘူးဆိုတာကို မေးရမှာမဟုတ်ဘူး။ ပြောရရင် မင်းက တကယ်ကို အဓိက သံသယဝင်ခံရမဲ့ သူဘဲ။ "

လီရှောင်းမန်၏ ဘေးမှ ကိတ်က ဝင်ပြော ချိန်တွင် ဖန်းပေါ်၏ မျက်လုံးက ပြူးသွားတော့သည်။

"အဝါရောင်ဆံပင်နဲ့ မိစ္ဆာကောင် မင်းက ဘာကိုဆိုလိုတာလဲ။ ယဲ့ဖန်က သတ်တယ်လို့ ထင်နေတာလား။"

"မဟုတ်ပါဘူး။ ငါလည်း ထင်တာမဟုတ်ဘူး။ ဒီတိုင်း အမှန်တရားကို ပြောပြနေတာ။ သူက လူသတ်သမားလို့လည်း ငါ မပြောမိပါဘူး။ ငါက ဒီအတိုင်းအချက်တစ်ခုကို ထုတ်ပြယုံဘဲ။ သူက သံသယ အဝင်သင့်ဆုံးလူမဟုတ်လား။"

ကိတ်က လေးနက်သောမျက်နှာနှင့် လူအိုကြီး တစ်ယောက်သဖွယ် အကြည့်မျိုးကို ပြုကာ အခြေအနေကို သုံးသပ်ပြသည်။

"လျိုယွမ်ကျစ် ပြောတာလည်း ဟုတ်တာဘဲ။ ယဲ့ဖန်က အဲ့သူနဲ့ ကတောက်ကစ ဖြစ်ခဲ့တာလည်း မှန်တယ်။ သူက လူသတ်သမား ဖြစ်နိုင်ချေ အရှိဆုံးဘဲ။ ပိုဆိုးတာက အရမ်းနီးလွန်းတယ်။ ဒီတော့ အခြေအနေအရ သူ လှုပ်ရှားလို့ ဖြစ်နိုင်တယ်။"

သူက တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပီပီသသ မပြောနိုင်သော်လည်း လူတိုင်းက သူ၏ဆိုလိုရင်းကို နားလည်း။ ထိုရိုးရှင်းသော စကားများကတင် အဓိပ္ပါယ်အများကြီး ပါသွားသည်။

"နတ်ဆိုးကောင် မင်း လောကရဲ့ အကျိုးအကြောင်း နိယာမတရားတွေကို နားမလည်ဘူးဘဲ။ မင်းပြောတဲ့ပုံစံအရ သင်္ချာသီအိုရီတစ်ခုကို တွက်ပြနေသလိုဘဲ။ မင်းက တကယ်ကို စာအုပ်အတိုင်းသွားတဲ့ကောင်။"
"ဘာကို နတ်ဆိုးလဲ။ "

ထိုနိုင်ငံခြားသား ကိတ်က ပဟေဠိ ဖြစ်သွားသည်။

" မင်း ဒါကို ခဏခဏ​ ပြောတာ ငါ ကြားနေရတယ်။ မင်း ဘာကိုဆိုလိုတာလဲ။"

"မင်းက နတ်ဆိုး။ ငါမင်းနဲ့ စကားဆက်ပြော မနေတော့ဘူး။ "

ဖန်းပေါ်က စိတ်ရှုပ်ထွေးသွားပြီး လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက လီရှောင်းမန်ကို ပြန်ကြည့်လိုက်သည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now