Ch 21

17 1 0
                                    

ဇဗ္ဗူဒီပါတောင်ကျွန်းသခင်  အပိုင်း - ၂၁
••••
ရှစ်ထောင့်ပုံစံခွက်က ရှေးခေတ်တရုတ်သမိုင်း တလျောက်လုံး ပါဝင်ခဲ့ပြီး အစောပိုင်းကာလထဲက ရှိခဲ့သည်ဟု ဆိုရပေမည်။ မည်သို့ ဖန်တီးထားသည် မည်သို့သော အကြောင်းပြချက် ဖြစ်သည်ဆိုသော ကိစ္စကို မည်သူကမှ  မသိကြချေ။

သို့သော် ကြယ်စင်များ၏ ဂြိုလ်ပတ်လမ်းကြောင်းပေါ်  သွားနိုင်သော အချိန်ကို တွက်ချက်သက်သေပြရန် အသုံးပြုလေ့ရှိကြောင်းကို နားလည်ထားကြသည်။ ကွန်ပျူတာ ဘိုင်နရီစနစ်ကို ဖန်တီးမှုနှင့်ပင် ဆက်စပ်နေသည်။

ထို့ကြောင့် အလွန် လျှို့ဝှက်ဆန်းကျယ်သည်ဟုပင် ဆိုရပေမည်။ ရှေးခေတ် ထိုက်ချိပုံစံခွက် ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော အဓိပ္ပါယ်ကို ဘာသာပြန် သုံးသပ်နိုင်စွမ်းအား မရှိကြသေးချေ။ သို့သော် လူအများစုကမူ ခေါင်းမာစွာဖြင့် တွက်ချက်မှုများ လုပ်နေကြသေးသည်။

အချို့သူများကမူ ထိုအရာက အလားအလာကို ကိုယ်စားပြုကြောင်း ဆိုသည်။ အချို့အရာကမူ အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စများကို တွက်ချက်ရာတွင်  လျော့တွက်သင့်သည်ဟု ဆိုပြန်သည်။

ထို့ကြောင့် အကြမ်းဖျင်းအားဖြင့် အနာဂတ်၏ အလားအလာကို အကြမ်းဖျင်း တွက်ချက်ရာတွင် ပြီးပြည့်စုံသော ကောက်နုတ်ချက်ဟု သတ်မှတ်လေ့ ရှိကြသည်။

မဟုတ်လျှင်လည်း တွက်ချက်ရာတွင် အမှားတစ်ခု ရှိသွားခဲ့လျှင် နဂါးငွေ့တန်းတစ်ခုလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။ တစ်ချို့သူများက ဖြစ်နိုင်ချေ အရှိဆုံးလမ်းစဥ်များမှ စဥ်းစား၍ စကြာဝဠာကြီး၏ အနှစ်သာရဟု ဆိုသလို  သင်္ကေတများ၏ မူလအစ အရာဟုလည်း ဆိုပြန်သည်။

အချို့သူများကမူ ခေါင်းမာစွာဖြင့် ထိုက်ချိရှစ်ထောင့်ပုံစံခွက်က အာကာသနှင့် စပ်ဆက်နေသည်ဟုပင် ရှင်းချက်ထုတ်ခဲ့ပြန်သည်။ ရှစ်ထောင့်ပုံစံခွက်မှ သင်္ကေတရှစ်ခုက ကြယ်စင်ကောင်းကင်တွင် အချင်းချင်း အဖော်ပြုပေးနေပြီး ခြားနားသော ကြယ်နယ်မြေများ ပေါင်းစပ်ထားခြင်းကို ကိုယ်စားပြုသည်။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now