4

625 55 10
                                    

UNICODE



"ဟေ့လူ လွှတ် ဟေ့လူ လွှတ်ပါဆို"

အထက်တန်းကျောင်းသားလေးမှာ ဂျေးခေါ်ရာနောက် ရပ်ကန်ရပ်ကန်ပါလာရသည်ကို ဂျေးအတော်လေး သဘောခွေ့နေမိသည်။ ချစ်စရာကောင်းတယ်လို့ပင် မြင်မိသော်လည်း လက်တွေ့ကတော့ ရက်စက်စွာ လုံခြုံရေးထံ အပ်လိုက်ဖို့သာ ရည်ရွယ်နေ၏။

"ဟာ ခင်ဗျား ဟေ့လူ"

"ပတ်ခ်ဂျုံဆောင်း"

"ဪ အင်း ပတ်ခ်ဂျုံဆောင်းဟေ့လူ လွှတ်ပါဆိုဗျ"

ဂျေးကလှည့်မကြည့်ဘဲ နာမည်ပြောပြလိုက်သည်ကိုလည်း သံယောင်လိုက်ကာ ခေါ်ပြီး လွှတ်ဖို့သာပြောနေလေသည်။ မသိရင် ဂျေးကအဖေကြီးတစ်ယောက်လို။ သားလေးက ကျောင်းပြေးပြီး ကလပ်တက်ဘားရောက်သည်ကို လာထိန်းနေရသည့်ပုံစံမို့ ဖခင်စိတ်တွေပင် ဝင်လာမိ၏။

အထက်တန်းကျောင်းသားဖြစ်ဖို့ရာ များတာကြောင့် ဂျေးနဲ့က ကွာမည်မဟုတ်ပေ။ အများဆုံးရှိ နှစ်နှစ်ခန့်သာကွာပေလိမ့်မည်။ သို့သော် ထိုအထက်တန်းကျောင်းသားလေးနှင့် ဂျေး၏အရပ်အမောင်းသည် နှမ်းပင်နှင့်အုန်းပင်လိုပင်။

ရုန်းလိုက်ဖို့ရာလည်း ကောင်လေးက အားသန်သည်မဟုတ်။ လုံခြုဲရေးနားရောက်တော့ ရှုံ့မဲ့မဲ့ကလေးဖြစ်ကာ ငိုတော့မည့်ပုံ။ ဂျေး လွှတ်ပေးလိုက်တော့မှ လက်တွင် အနီစင်းကြီးထင်သွားတာကို သတိထားမိသည်။

လက်ကိုအသာအယာပွတ်ရင်း မျက်ရည်ကြည်လေးဝိုင်းနေတော့လည်း သနားလာမိသလိုလို။

သနားတယ်ဆိုတာ ပတ်ခ်ဂျုံဆောင်း အဘိဓာန်မှာ မရှိပါဘူး။

"အထက်တန်းကျောင်းသားတွေလည်း ဝင်ခွင့်ပေးထားတာပဲလား အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ ဟမ်"

ဂျေး၏ သာမာန်စကားလေးကိုပင် ပြာပြာသလဲ ဖြစ်သွားကာ အယောင်ယောင်အမှားမှား ဖြစ်သွားကြတဲ့ ဝန်ထမ်းတွေက ဂျောင်ဝန်းအား ဂျိူင်းမှ မ ပါတော့၏။

ပတ်ခ်မျိုးရိုးဆို မသိတဲ့သူရှားတယ်မဟုတ်လား။ အာဏာစက်ကအတော်ပျံ့သည်ပြောရမည်ပဲ.. ဝန်ထမ်းတွေ၏ပုံစံကိုသာ ကြည့်ရင် သိနိုင်ပါသည်။ ဒီကလပ်ပိုင်ရှင်နှင့် ဂျေး၏မိဘတွေက စီးပွားဖက်ဆိုတာ သိထားကြတော့ ပိုရှိန်နေကြတာဖြစ်မည်။

MINE:HEEHOONWhere stories live. Discover now