ကြည်လင်နေသော မနက်ခင်းတစ်ခု။ ကျောင်းကြီးဟာ ခါတိုင်းလိုပင် ကျောင်းသားကျောင်းသူများနှင့် ဆူညံနေပြန်လေသည်။ ကျောင်းထဲ အရှိန်မပါဘဲ ငြိမ့်ငြိမ့်လေးမောင်းလာသော ကားအား အကုန်လုံး ငေးကြည့်မိနေကြ၏။ပြိုင်ကားအနက်ရောင်လေးက သေချာပေါက် ပတ်ခ်ဆောင်းဟွန်း၏ကား။ အမြဲ လူလန့်အောင် အရှိန်တင်ပြီးကျောင်းထဲ ဝင်လာတတ်သူက အခုမှ ဖြေးဖြေးမောင်းလာတော့ အံ့ဩမိနေကြသည်။ ဒါမှမဟုတ် အထဲက ဆောင်းဟွန်းမဟုတ်တာများလား။
ဒုန်း"
အရှိန်ဖြင့်ဖွင့်ပြီး အရှိန်ဖြင့်ပိတ်လိုက်သော ကားတံခါးသံဟာ ဆူညံသွားလေ၏။ ကားမောင်းသူနေရာမှ ဆင်းလာသော ဟီဆွန်းသည် ထိူအမျိုးသားငယ်အား မနိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကားကို သူမမောင်းရဘဲ ဟီဆွန်းကိုပါတင်လာရသည်မို့ ဒေါသထွက်နေသူဟာ သူဘာမှမလုပ်ထားသည့်အတိုင်း။ မျက်နှာခပ်ချောချောကို သိသာစွာ တွန့်ချိုးလိူက်ပြီး မျက်မှောင်ကျုံ့ကာကြည့်နေ၏။
"နောက်တစ်ခါ ခင်ဗျားကားကိုသေချာစစ်၊ သူများကားနဲ့ကပ်လိုက်လာပြီး လိပ်လိုအရှိန်နဲ့မောင်းနေတယ်"
အော်ပြောလိုက်ကာ ဒေါသတကြီးထွက်သွားသူ၏ ကျောပြင်ငယ်အားကြည့်ရင်း ပြုံးလိုက်သည်။ စက္ကန့်အနည်းငယ်စာ အပြုံးလေးမှာ သဘောကျမှုများအပြည့်။
ကြည့်ပါလား၊ ပတ်ခ်ဆောင်းဟွန်းက တကယ်မှော်ပညာလေးပါဆို။
မိမိအား ငေးကြည့်နေကြသူများအား ဂရုမစိုက်တော့ဘဲ ကျောင်းခန်းကိုသာ ဦးတည်လိုက်သည်။ ဆောင်းဟွန်းမှလွဲ၍ ကျန်သူတွေအား စိတ်မဝင်စား။
ဒါကလည်း အီဟီဆွန်းရဲ့ ဝဋ်ကြွေးတစ်ခု။ ဒါမှမဟုတ် ပတ်ခ်ဆောင်းဟွန်းရဲ့ ဆုလဒ်တစ်ခု။
~~~
လွင့်ပြယ်နေသည့်စိတ်တို့သည် ဘတ်စကတ်ဘောတွင်လည်း အာရုံရမနေ။ မိမိနောက်သို့ မသိမသာ လိုက်နေတာလားဟူသော အတွေးတွေနှင့် ဆောင်းဟွန်းစိတ်မရှည်ဖြစ်လာသည်။
မနက်ကတည်းက အလုပ်များပါတယ်ဆိုတဲ့ အီသန်လီကို နေရာပေါင်းစုံ ခဏခဏတွေ့နေရတော့ မချဉ်တော့။ မျက်လုံးသေကြီးတွေနဲ့ လူကိုကြည့်ပြီး မသိချင်ယောင်ဆောင်နေတာကရော ဘာသဘောလဲ။ သူကလည်း အရမ်းသိချင်နေတာမှမဟုတ်တာ။
![](https://img.wattpad.com/cover/355185079-288-k37394.jpg)