ခြံပေါက်ဝတွင်ရပ်ကာ စကားပြောနေကြသောနှစ်ဦးအား ဆောင်းဟွန်းလက်ပိုက်ကာ ကြည့်နေမိသည်။ အိမ်ထဲမဝင်လာနိုင်သေးဘဲ ဘာတွေများအလွမ်းသယ်နေကြလို့လဲ။
စိတ်အချဉ်ပေါက်စွာ ဆဲရေးလိုက်မိသည်က မိမိမျက်လုံးကိုပင်။ မမြင်လိုက်ရမှာကို၊ မမြင်မိရမှာကို။
ဒီအတိုင်း အလုပ်သဘောအရ ဆက်ဆံနေကြတာပဲ မဟုတ်လား...။ ထားတော့ ဆောင်းဟွန်း စိတ်မဝင်စားပါဘူး။
"ဂျွန်နာရာလေးနဲ့ လိုက်တာပဲ ဟီဆွန်းက"
"မလိုက်ပါဘူး၊ ဘယ်မှာလိုက်လို့လဲ"
အမေဖြစ်သူ၏စကားကို ဆန့်ကျင်ကာပြောလိုက်သည်။ အင်္ဂါဂြိုလ်က လှမ်းကြည့်လျှင်တောင် အီဟီဆွန်းက ဂျွန်နာရာနဲ့ နည်းနည်းလေးမှ မလိုက်ဘူး။
"လိုက်တယ်၊ မမနာရာက မေဂျာကွင်းလေ၊ အစ်ကိုက ကျောင်းသားဥက္ကဌ ဘယ်လောက်လိုက်လဲ အန်တီရာ"
mask တကားကားနှင့် ထွက်လာသော ဂျယ်ယွန်းက ဆောင်းဟွန်းကို စိတ်ဆိုးနေတာကြောင့် အပိုတွေရော၊ အလိုတွေရော ပြောနေသည်။
"မင်း အိမ်မပြန်သေးဘူးလား၊ ကိုယ့်အိမ်ကိုယ်ပြန်လေ"
"ကလေးကုလား ရန်မဖြစ်ကြရဘူးနော်"
အကြည့်ချင်း စစ်တိုက်နေကြသူတို့အဖို့တော့ ကမ္ဘာစစ် ၅ခုလောက် ဆင်နွှဲပြီးလောက်ပြီ။ ခြံဝက နှစ်ယောက်မှာတော့ စကားအတောမသတ်နိုင်သေး။
ဆောင်းဟွန်း စိတ်ထဲ မကျေမနပ်ဖြစ်လာသဖြင့် အိမ်ထဲမှ ဒုန်းဆိုင်းထွက်ကာ ထိုနှစ်ယောက်ဆီသို့ သွားလိုက်သည်။
"မ မ,ရော ပါလာတာပဲ၊ အိမ်ထဲဝင်ဦးမလား"
"အော မဝင်တော့ပါဘူး ဟွန်းရယ်၊ ဟီဆွန်းနဲ့ မနက်ဖြန်ခါ သွားစရာရှိလို့ပြောနေတာပါ၊ ဒါဆိုသွားတော့မယ်နော်"
ဂျွန်နာရာ၏ လက်ပြနှုတ်ဆက်မှုကို သွားစွယ်လေးတွေပေါ်အောင် ရယ်ပြပေးလိုက်သည်။ ဟီဆွန်းကတော့ ဘေးကနေကြည့်ပြီး သဘောကျစွာနှင့်။
"ဟွန်း"
"အော မ,ကိုလာနှုတ်ဆက်တာ၊ ခင်ဗျားဆီလာတာမဟုတ်ဘူး၊ သွား သွားတော့မယ်"
