"ငါ ကိုကို့ကိုချစ်တယ်"
အနေနီးလို့မဟုတ်ဘူး၊ ညီအစ်ကိုလိုမဟုတ်ဘူး။ ဒီအတိုင်း ကျူးလွန်မိတဲ့ ခံစားချက်။ ပုံမှန်မခုန်တဲ့ နှလုံးသားရဲ့အပြစ်။ နောက်ဆုံးမှာ အဖြေကချစ်တယ်ဆိုတာပဲ။
"မချစ်ချင်ဘူး ငါမချစ်ချင်ဘူး ဂျေး၊ ငါအီသန်လီကိုမုန်းပဲမုန်းချင်တာ၊ ဒီအတိုင်း သူ့ကိုပြဿနာတွေပဲ ရှာလာပေးချင်တာ၊ သူ့ရဲ့လှည့်စားမှုအောက်မှာ မနစ်မြုပ်သွားချင်ဘူး"
"မငိုတော့နဲ့ တိတ်တော့၊ လာကားပေါ်တက်၊ သူ့ကိုတော့ ငါရှင်းလိုက်မယ်"
ဆောင်းဟွန်းပြဿနာရှာကာ ထိုးကြိတ်ထားသည့် လူကိုတော့ ငွေပုံပေးကာ ရှင်းရဦးမည်။ သို့ပေမယ့် ဆောင်းဟွန်းကသာ အရေးကြီးတာမို့ လဲနေသည့်လူအား အရေးမစိုက်နိုင်။
ဂျေးအတွက် မိဘတွေပြီးလျှင် ဆောင်းဟွန်းသည်သာ ဦးစားပေးဖြစ်၏။ အတူတူဆိုးသွမ်း၊ ရိုင်းစိုင်းခဲ့ကြဖူးရင်တောင်မှပဲ ဆောင်းဟွန်း၏ အားနည်းတဲ့အချက်ကို သူသာမြင်နိုင်တာမဟုတ်လား။ တဇွတ်ထိုးဆန်ပြီး တယူသန်လွန်ပြီး အရာရာကို ဒေါသနဲ့ဖြေရှင်းတယ်။
တစ်ခါတလေ အရမ်းပျော်နေပြီး တစ်ခါတလေ သိပ်ကိုဝမ်းနည်းနေတယ်။ ဆောင်းဟွန်းမပြောပြတောင် ဂျေးအနေနဲ့ ရိပ်မိပါတယ်။
ဆောင်းဟွန်းရဲ့ ငိုခြင်း၊ ရယ်ခြင်းတွေ မြစ်ဖျားခံရာက စီနီယာအီဟီဆွန်းတစ်ယောက်ထဲဆိုတာ။
"ဘယ်သွားချင်လဲ ငါလိုက်ပို့မယ်"
"အီသန်လီနဲ့ဝေးရာ"
မျက်ရည်တွေကြားက စကားလုံးသည် အမှန်တကယ်ဖြစ်လိုသော ဆန္ဒသာဖြစ်၏။ သို့သော် တကယ်ဝေးသွားလျှင်လည်း ဆောင်းဟွန်းသာ နေမထိထိုင်မသာ ဖြစ်ရဦးမယ်။
"ကမ်းခြေသွားချင်လား၊ မင်းကြိုက်တယ်ဆိုပြီး တစ်ခါမှမသွားဘူး"
"ဟင့်အင်း"
ကမ်းခြေက ဆောင်းဟွန်းကြိုက်တာမဟုတ်။ အီသန်လီကြိုက်တာ။ ဆောင်းဟွန်းက အီသန်လီကိုကြိုက်တာ။ ဒါကြောင့် ပင်လယ်မှာတစ်ခါလောက် အီသန်လီနဲ့ အတူရှိချင်မိခဲ့တာ။ တခြားလူနဲ့မဟုတ်ဘူး။