"ကိုယ်မင်းကိုချစ်တယ်"
မြန်ဆန်လာသည့် နှလုံးခုန်နှုန်းတွေဟာ ဆောင်းဟွန်းအပေါ် သစ္စာဖောက်သည်။ လေပြေအေးအေးဟာ ဖက်ထားသည့်ကြားက ရင်ဘတ်ထဲ တိုးဝင်ဖို့ရာ မဖြစ်နိုင်သော်လည်း ဆောင်းဟွန်းရင်ထဲ အဘယ်ကြောင့် အေးလာလဲမသိ။
အမြင်အာရုံများ ဝေဝါးလာခြင်းမှ ဆောင်းဟွန်းမျက်ရည်ဝိုင်းနေမိမှန်း သတိထားမိသည်။
ဒီစကားလေးတစ်ခွန်းနဲ့တဲ့လေ။ အဲဒီအမျိုးသားဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကမ္ဘာငယ်တစ်ခု တည်နိုင်ပါတယ်တဲ့။ ကျွန်တော်ဟာ ရူးလိုက်လေခြင်းလို့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိသား။
"ကျွန်တော်..."
"ကိုယ်မင်းကို မမုန်းခဲ့ဖူးဘူး၊ ဒီထပ်ပိုပြီး မင်းအထင်လွဲနေတာကိုလည်း မလိုချင်တော့ဘူး၊ မင်းလည်း ကိုယ့်ကိုချစ်တယ်မလား ဟွန်း"
ခေါင်းငြိမ့်မပြမိသလို ပါးစပ်ကနေလည်းပြောမထွက်ခဲ့။ ခါတိုင်းလို ဆောင်းဟွန်းရဲ့အတွေးနဲ့ လက်တွေ့က တခြားဆီပင်။
အရမ်းပျော်နေတာကြောင့်ထင်ပါရဲ့။ အီဟီဆွန်းရဲ့ ကျောပေါ်မှာ သူ့လက်လေးတွေ တစ်ခုနှင့်တစ်ခု ပွတ်သပ်နေမိတာကလွဲ ဘယ်အရာမှ အသိဝင်မနေခဲ့ဘူး။
အဲဒီလူရဲ့ အသံချိုချို၊ ကိုယ်ငွေ့နွေးနွေး။
ဒီလိုနှင့်တင် ဆောင်းဟွန်း ရူးသွားနိုင်ပါသည်။
"ကျွန်တော်..."
"ကျွန်တော် ကျွန်တော်နဲ့ အူယားလာပြီကွာ ဘယ်လိုဟာလေးလဲ"
"အရင်လွှတ်ပါလားလို့"
ခပ်တိုးတိုးပေမယ့် ဟီဆွန်းရယ်သံကို ကြားလိုက်ရသည်။ ဘာတွေ သဘောကျနေသည်တောင်မသိ။ ဆောင်းဟွန်း ပုခုံးပေါ်မှာ တင်ထားသည့် မေးလေးဟာ တဖြည်းဖြည်း ရွေ့လာပြီးနောက်
"ဟွန်းက ဖက်ထားတာကိုမလွှတ်ဘဲ ကိုယ်က ဘယ်လိုလုပ်ရမှာလဲ"
ကြက်သီးမွှေးညှင်းလေးတို့ ထာလာသည်အထိ ဆွဲငင်ယူသွားသည့်အသံ။ ထိူအမျိုးသားသာ စိုက်ကြည့်နေမည်ဆိုလျှင် ဆောင်းဟွန်းနားဖျားလေး နီရဲသွားသည်ကို သေချာပေါက် တွေ့မြင်မည်ဖြစ်၏။