ပြိုင်ကားအနက်ရောင်လေးကိုစီးရင်း အိမ်သို့ ဒေါသတကြီးပြန်လာနေသူတစ်ဦး။ စိတ်ဆတ်တတ်သူမို့ အကောင်ပေါက်ကလေးက အမြဲစိတ်တိုနေတတ်သည်။
"ရား အီသန်လီ!"
အသံကုန်အော်ဟစ်ရင်း ပစ်ပစ်နှစ်နှစ်ကို ဆဲရေးလိုက်ချင်မိသည်။ အဲလူကိုဒုက္ခပေးချင်လို့ ကျောင်းအတူတူတက်ကာမှပဲ ဒုက္ခကသူ့ပြန်လာပတ်နေရတယ်လို့။
"ဘာရေစက်မှန်းကိုမသိဘူး"
စီယာတိုင်ကိုထုလိုက်၊ ကားကိုအရှိန်မြှင့်လိုက်နှင့် ပြိုင်ကားလေးက သတ်မှတ်စံချိန်ထက်ပိုကာ မောင်းနှင်နေသည်။ CCTV တွေမှာမြင်နေရသော်လည်း ဘယ်သူမှပြောရဲကြမည်မဟုတ်။
ခြံဝန်းအကျယ်ကြီးထဲဝင်လာပြီးနောက် ကားကိုဂိုဒေါင်ထဲမောင်းလိုက်သည်။ ဒီကားလေးက ဆောင်းဟွန်းကြိုက်သည့်ကားလေးမို့ မည်သူ့ကိုမျှပေးမစီး။ ဒီအိမ်မှာလည်း ဆောင်းဟွန်းကိုနိုင်တဲ့လူရယ်လို့မှမရှိဘဲ။
"ပတ်ခ်ဆောင်းဟွန်း!"
အိမ်ထဲခြေချလိုက်သည်နှင့် သူ့နာမည်လှလှကလေးအား စိတ်ဆိုးမာန်ဆိုးခေါ်နေတဲ့ အဖေဖြစ်သူကိုတွေ့လိုက်ရသည်။ ဘယ်နှယ့် နာမည်ကို အော်ခေါ်တဲ့အချိန်တွေပဲ သုံးရတာမို့လား။
"ကျောင်းမှာ ရန်ဖြစ်ပြန်ပြီလား"
ဆောင်းဟွန်း စိတ်မရှည်သလို သက်ပြင်းသေချာချကာ အိမ်ရှေ့ကိုစောင်းကြည့်လိုက်သည်။ အီသန်လီရဲ့ကားက ရောက်နေပြီပဲ။ သေချာတယ် အဲလူအတိုင်အတောထူပြန်ပြီ။ မိန်းမကြီးလား အီသန်လီက။
"နားချင်ပြီ"
"ဟေ့ကောင် တစ်နေ့တစ်နေ့ ပြဿနာတွေပဲရှာနေတာ မပြီးသေးဘူးလား ငါကဝန်ကြီးချုပ်ကွ ငါ့မျက်နှာကိုလည်းထောက်အုံး ငါ့သားလို့ပြောရမှာ တကယ်ကိုရှက်စရာကောင်းတယ်"
"ဒါဆိုလည်း အီသန်လီကိုပဲ အဖေ့သားလို့ပြောလေဒီလောက်လိမ္မာနေတာ အဖေတို့အကြိုက်ပဲ မဟုတ်လား"
"ဘာလို့ အပြစ်မရှိတဲ့ကလေးကိုပဲ နေ့တိုင်းအပြစ်တွေရှာနေတာလဲ သူလည်းမင်းကိုထိန်းနေရတာနဲ့ ပင်ပန်းလောက်ပြီ"