11

603 57 57
                                    

ထူပူနေသည့်ခေါင်းသည် ကောင်းစွာ အလုပ်မလုပ်နိုင်သေး။ အယ်လ်ကိုဟောအကူအညီဖြင့် နီရဲနေသော မျက်နှာကို မျက်မှောင်ကြုတ်လိုက်ပြီး ငြီးငြူစွာ ထဖို့ဟန်ပြင်သည်။ လစ်မစ်ကျော်သွားသည့်အတွက် ခန္ဓာကိုယ်သည် စိတ်သွားတိုင်း မပါနိုင်။

မူးနောက်ကာ ရီဝေဝေဖြစ်နေသော ခေါင်းအား တစ်ချက် နှစ်ချက်မျှထုကာ မျက်လုံးအား ကြိုးစားဖွင့်လိုက်သည်။ ယခုရောက်ရှိနေသည့်နေရာသည် အခန်းငယ်တစ်ခုထဲတွင်ဖြစ်၏။ မကြီးလှသော်လည်း သေးသည်ဟုမဆိုနိုင်။

ဘယ်သူ့အိမ်မှန်းမသိသည့် အခန်းထဲတွင် ရောက်ရှိနေရုံသာမက ကုတင်ပေါ်ထိပါ အိပ်ပျော်နေသေးသည်။ ဝန်ကြီးချုပ်သားက ပေါ့လျော့ပါလောဟု ပြောကြမည်လား။ မတတ်နိုင် မနေ့ည​က သူလည်း မှောက်သွားဖို့အထိမရည်ရွယ်။ အမ်း နည်းနည်းတော့ ရည်ရွယ်ခဲ့ပေမယ့်လို့ပေါ့။

'ကျွီ'

"နိုးပြီလား"

"ဂျယ် ဂျယ်ယွန်း"

ဆောင်းဟွန်း မျက်လုံးတွေအား ခပ်နာနာပွတ်ပစ်လိုက်သည်။ အိပ်မက်ထဲမှာလား၊ ဒါမှမဟုတ် အရက်ကြောင်,ကြောင်သွားတာလား။ ဂျယ်ယွန်းက ဒီလောက်မြန်မြန် ပြန်လာတယ်ပေါ့လေ။ မဖြစ်နိုင်ဘူး၊ အိပ်မက်မက်နေဆဲနေမှာ။

"ဟက်! ကိုယ်ဟုတ်ပါတယ်"

"ရှင်းမ်ဂျယ်ယွန်း"

"အာ လေသံမာမာကြီးနဲ့မအော်စမ်းပါနဲ့၊ မနေ့ညကဆွဲထူလာလို့ အားကမရှိတော့ပါဘူးဆို လွင့်ထွက်သွားတော့မှာပဲ"

"လာတာကိုမပြောဘူးပေါ့လေ၊ ငါကမင်းသူငယ်ချင်းရောဟုတ်သေးရဲ့လား၊ မင်းပြောတော့ လာရင်ပြောမယ်ဆို"

"မင်းကသူငယ်ချင်းမဟုတ်ဘူးလေ ညီလေးကလည်း"

စိတ်ဆင်းရဲတယ်။

ရက်ပိုင်းပဲ ကြီးတာကို စောက်ရမ်းအစ်ကိုလုပ်ချင်နေတာ။ လူကြည့်တော့ဖြင့် ဆောင်းဟွန်းထက်တောင်သေး,သေးတယ်။ ရှင်းမ်ဂျယ်ယွန်းတို့များ လက်ရော ခြေရောမြှောက်တယ်။

"မနေ့က ဘယ်လိုတွေဖြစ်တာလဲ၊ ကိုကိုကမချစ်ဘူးဆိုလားပဲ အဲစကားပဲရွတ်နေတာ"

MINE:HEEHOONWhere stories live. Discover now