စိတ်ငြိမ်ရပ်ကွက်ဖြစ်သလို လူကုံထံအသိုင်းဝိုင်းကြီးတွေသာနေထိုင်သည့် ထိုနေရာ၌ အင်မတန်မှလှပခန့်ထည်သော တိုက်များရှိသည်။ထိုသည်မှ ဦးထွန်းထက်အောင်တို့ အိမ်သည် တခြားအိမ်များနှင့်တူညီခြင်းမရှိ။ လှသည်ထက်ကို မြင်သူတိုင်း တစ်ခါတော့ ဝင်လည်ချင်မိသည့် အိမ်မျိုးပင်ဖြစ်သည်။နှင်းဆီပန်းမျိုးစုံကို ခြံပတ်ပတ်လည်စိုက်ပျိုးထားပြီး အဖြူရောင် 3ထပ်တိုက်ကြီးသည်ကာ အလယ်၌ ခန့်ထည်နေသည်။ ငယ်ငယ်က ကြည့်ခဲ့ဖူးသည့် ကာတွန်းတွေထဲက ရဲတိုက်ကြီးလိုပင် ဆွဲဆောင်လွန်းလှသည်။
ထိုအိမ်၌ ဦးထွန်းထက်အောင်ဆိုသူ အသက် ၃၅နှစ်အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့်ထိုလူ၏ လက်ထောက်ဆိုသူ ကိုခန့်သာတို့ 2 ဦးသာနေထိုင်သည်။ ထွန်းတောက် Company ရဲ့ Chair Man ဦးထွန်းထက်အောင်သည် တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ကာတော်သည်၊ထက်သည်၊မြတ်သည် စတဲ့ ဂုဏ်သတင်းများနှင့် ပြည့်စုံသူ ဖြစ်သည်။
စနေ့/တနင်္ဂနွေလိုနေ့မျိုးတွင် ဦးထွန်းထက်အောင်သည် အိမ်၌သာနှင်းဆီပင်များကိုအဖော်ပြု၍ သူ့ဘဝကို အေးချမ်းစွာ ဖြတ်သန်းသည်မှာ တစ်စုံတစ်ပွင့်သောသက်ရှိနှင်းဆီပန်းလေးတစ်ပွင့်နှင့်မဆုံခင်အချိန်ထိပင်ဖြစ်သည်။
" Hey guys, hurry up! "
" Ok "
အသံဆာဆာတွေက တဖြည်းဖြည်းဆူညံ့လာတာကြောင့်ထွန်းထက်အောင် ခြံပြင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အသက်ခပ်ငယ်ငယ် ကောင်လေးတချို့ စကိတ်စီးနေခြင်းသာဖြစ်သည်။
" အခုခေတ်ကလေးတွေ ဘဝက လွတ်လပ်တယ်နော် "
" ဟုတ်ပါ့ ဆရာရယ် ကျွန်တော်တို့များ သူတို့အရွယ်က အိမ်ရဲ့စားဝတ်နေရေးကို ပူပင်နေရပြီ "
ခန့်သာရဲ့စကားအဆုံး၌ထွန်းထက်အောင်ဆီက ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခုသာမြင်ရပြီ နောက်ထပ် ဘာစကားမှတော့ ထပ်မကြားရတော့ပေ။
" Arrrrr "
" hey bule Are you okay? "
" no, it hurts so much. "
" oh shit , your leg is bleeding a lot. "
အသံကဆူသည်ထက်ဆူလာတာကြောင့်ထွန်းထက်အောင်တို့ဆရာတပည့် ခြံပြင်သို့ထွက်လာခဲ့လိုက်သည်။