အလုပ်များလွန်းတာကြောင့် ပင်ပန်းနေပြီဖြစ်သည့်ထွန်းထက်အောင်သည် ဧည့်ခန်းမှာခဏနားယူရန် ထိုင်လိုက်သည်။
Tv ဖွင့်ထားသည်မို့ ပိတ်ရန် Remote ရှာစဉ် blue တို့သားမိ interview အားတွေ့လိုက်ရသည်။
Interview တစ်လျှောက်လုံး စိတ်အိုက်နေသည့်ကောင်လေးကိုသာ သတိထားနေမိသည်။
Blue ဟာ broken family က ကလေးဖြစ်ကြောင့် သိလိုက်ရသည်။စိတ်ဒဏ်ဆိုပြီးရှိနေတာမျိုးတော့ မဟုတ်ပေမဲ့ ပြောင်းလဲရမှာတွေ အများကြီးရှိနေသည်ကို ထွန်းထက်အောင် မြင်လိုက်ရသည်။
ဘာရယ်ကြောင့်မှန်းတော့ သေချာမသိပေမဲ့ ဒီကောင်လေးကို ပြောင်းလဲ ပြုပြင်ဖို့ ဆန္ဒရှိနေသည်။ ခံစားချက်မှာတော့ ခန့်သာကို မွေးစားခဲ့စဉ်ကနှင့် မတူတာကိုတော့ သူကိုယ်တိုင်လဲသိသည်။
ပိတ်ရက်တွေမှာတော့ ထုံးစံအတိုင်း အပက်စိုက်၊ စာဖတ်လေ့ရှိပေမဲ့၊ ဒီတပတ်ပိတ်ရက်ဟာ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ Volunteer လုပ်ရမည့် ရက်ဖြစ်သည်။
Volunteer လုပ်သည့်ရက်၌ ခန့်သာတစ်ယောက်တည်းသာ အိမ်၌ကျန်ခဲ့သည်။ အကြောင်းသည်ကား အပင်ရေလောင်းရန်ဖြစ်သည်။
" Hello ကိုခန့်သာ "
" ဟ blue ဘယ်တွေပျောက်နေတာလဲ "
" စာသင်နေတာ "
" ဘာစာလဲ "
" မြန်မာစာလေဗျာ "
" ဪ ဪ "
" ဟို လူကြီးရော "
" Blue ဆရာ့ကို လူကြီးလို့ မခေါ်နဲ့လေ၊ ဦးလို့ခေါ်ပေါ့ ဆရာလဲ ခွင့်ပြုထားတာပဲ ဟာ "
" ဦးဆိုတာ ဘာလို nickname လဲ "
" ဘာလိုမဟုတ်ပါဘူး၊ ဘယ်လိုပါကွာ့ ၊ ဦးဆိုတာ nickname မဟုတ်ဘူး၊ မင်းနာလည်အောင် ဘယ်လိုပြောရမလဲ pronouns ပေါ့ "
" Pronouns? "
" အင်း "
" No, this is not pronouns "
Blue နားလည်အောင်သေချာမရှင်းပြနိုင်တော့သည်မို့ ခန့်သာ အကြံအိုက်လာသည်။
" အဲ့ဒါဆို ဦးက ဘယ်မှာလဲ "
" ဆရာက ဒီနေ့ volunteer သွားတယ် မိုးချုပ်လောက်မှ ပြန်ရောက်မှာ "