ထွန်းထက်အောင်မနက်အစောကြီးထထားရသည်မို့ခဏတော့အိပ်ပျော်သွားသည်။အိပ်ပျော်နေသည့်အချိန်လေးမှာတောင်ချောမောမှု့တွေကလျှော့မသွားပေ။ ကားအနောက်မှာထိုင်နေသည့် blueဟာထွန်းထက်အောင်အိပ်နေတာကို ပုံခိုးရိုက်ယူထားသည်။
၂ နာရီလောက်အိပ်ပြီးတော့နိုးလာသည့်ထွန်းထက်အောင်က ကား sunroof ကိုဖွင့်ပေးလိုက်သည်။
ကောင်လေးတွေဟာ ချက်ချင်းမတ်တတ်တွေ ထရပ်ပြီးအော်ဟစ်ကြတော့သည်။ shine က ချက်ချင်းပင် ကားရှေ့ခန်းထဲထိ ကျော်ခွါလာပြီး သီချင်းဖွင့်တော့သည်။ pop သီချင်းတွေဖြစ်ကာ စိတ်တွေမြူးကြွသွားစေတာမျိုးဖြစ်သည်။ပုံမှန်ဆို ဆရာ တပည့်နှစ်ယောက်တည်း ခရီးထွက်ရင်
တိတ်ဆိတ်နေတတ်ပေမဲ့ အခုတော့ကားလေးမှာပင် အလွန်ပင်ပျော်နေဟန်ရှိနေသည်။ ကလေးတွေနဲ့အတူ ကားမောင်းရင်း သီချင်းနဲ့ ငြိမ့်နေသည့် ခန့်သာကိုကြည့်ရင် ထွန်းထက်အောင်ပြုံးလိုက်သည်။" တော်ပြီ ဝင်တော့ "
ကား sunroof ကိုပြန်ပိတ်ပြီး ကားမှန်တွေချထားပေးသည်။ သီချင်းတွေအော်ဆိုနေသည့် ကလေးတွေကြောင့် အိပ်ချင်စိတ်တော့ မဖြစ်ပေ။ ဆိုလက်စသီချင်းပြီးအောင်စောင့်နေသည်။နောက်တစ်ပုဒ်မစခင်အမြန်ပဲ ထွန်းထက်အောင်တားလိုက်သည်။ မမောနိုင်သည့်အဆိုတော်အုပ်စု၏အရှိန်က တော်တော်ရောက်နေတာကြောင့်ဖြစ်သည်။
" ခဏလေး ကိုယ် ဖုန်းပြောမလို့ "
ထိုမှသာ အသံတွေခဏငြိမ်သွားသည်။
" hello ကိုထွန်း ကားဆက်မောင်းသွားလိုက် လမ်းကြောင်းကအရင်တိုင်းပဲ၊ ကျွန်တော်တို့နောက်ကလိုက်ခဲ့မယ် "
ဖုန်းပြောသည်ကိုငြိမ်နားထောင်နေကြပြီး၊ဖုန်းချလိုက်သည်နှင့် အသံကပြန်ထွက်လာသည်။
" ဟျောင့် blue မင်း ဂစ်တာတီးကွာ "
" တစ်ပုဒ်လောက်ဆိုကွာ "
ကောင်ငယ်လေး ဂီတာ တီးတတ်တာ ထွန်းထက်အောင်မသိပေ။ ဂီတာယူလာတာတွေ့ပေမဲ့ ကျန်တဲ့၃ယောက်ဟာလို့ထင်နေတာဖြစ်သည်။ denyကဂီတာထုတ်ပေးနေသည်မို့ သီချင်းတွေ ပိတ်လိုက်သည်။ တစ်ချက်နှစ်ချက် ကြိုးစမ်းပြီး စဆိုတော့သည်။ AKMU ရဲ့ Give love ပထမအပိုဒ်ကို အသံချိုချိုလေးဖြင့်ဆိုပြသည်။