မူးရူးနေသည့်အချိန်တုန်းကဖွင့်မပြောပါပဲ။ ဆူနေတဲ့အချိန်မှ ဖွင့်ပြောပြီး သူ့ဘာသာရှက်ကာအိပ်ယာထဲ၌လူးလိမ့်နေသော သူငယ်ချင်းလေးအား herry တို့၃ ယောက်ထိုင်ကြည့်နေသည်။
" အား.... "
" အော်မနေနဲ့ အခုမှတော့ မင်းဘယ်လိုဦးနှောက်နဲ့ အသက်ရှင်နေတာလဲ blue ရာ " shine
" ငါ ငါ သွားသေလိုက်ရတော့မလား "
" ငါသာမင်းဆို အခုချိန် အသက်တောင် မရှိလောက်တော့ဘူး ရှက်လို့ " deny
" မင်းတို့ကောင်တွေကလဲ ထ blue ငါပြောမယ် အခုဖွင့်ပြောလိုက်တော့ တမျိုးကောင်းတာပဲလေ။ မင်းခံစားချက်ကို သူသိသွားတာပေါ့ "
" ဒါပေမဲ့ ငါရှက်တယ် herry ရယ် "
သူ့အားဖွင့်ပြောပြီး သူ့တွေ့တာနှင့်လစ်ခနဲ ပြေးကာရှောင်နေသည့်ကောင်လေးကို စချင်လာသည်။
" ဒါကဘယ်လဲ "
ကားအရှေ့ဘက်မှာတွေ့လို့ အနောက်ဘက်ကိုပြေးကာမှ တည့်တည့်တိုးလေသည်။
" ဟို ဟို ပစ္စည်းတွေ သွားသိမ်းမလို့ ကျန်ခဲ့မှာစိုးလို့ "
" ဟုတ်လို့လား "
" ဟုတ်တယ် သွားတော့မယ် ကျန်ခဲ့လို့ မဖြစ်ဘူး "
ဖွင့်ပြောတုန်းကသူမဟုတ်သလိုနှင့် အခုတော့သူအားပတ်ပြေးနေသည့်အကောင်ငယ်လေးကို ထွန်းထက်အောင်သဘောကျနေလေသည်။ blue ၏စိတ်ထဲတွင်လည်းဖွင့်ပြောလိုက်ရပြီဖြစ်လို့ပျော်နေဟန်ရှိသည်။
ပစ္စည်းတွေ အကုန်သိမ်းပြီးပြီမို့ရွာသူကြီးအားနှုတ်ဆက်နေကြသည်။
" ကိုကို "
ကလေးလေးတစ်ယောက်ဟာ blueဆီပြေးလာပြီး ယုန်လေးလက်ဆောင်ပေးလေသည်။
" ကိုကိုနဲ့တူတာ "
ဒီကလေးလေးက သူ ဦးဆီမှာအကူညီတောင်းပေးခဲ့သည့်ကလေးလေးဖြစ်သည်။ ကိုယ်တိုင်ဖမ်းလာပုံရသည့်ယုန်လေးက တအားကြောက်နေရှာသည်။
" ကလေးလေး ယုန်လေးတွေက တောထဲမှာနေရတာပဲကြိုက်တာ သူတို့ကို မင်းကဖမ်းလာတော့ သူ့မိဘတွ စိတ်ပူမှာပေါ့ ကိုကို့ကို လက်ဆောင်ပေးချင်တယ််ဆို နောက်ကျရင် ယုန်လေးတွေကို သူ့မိဘတွေ သူငယ်ချင်းတွေနဲ့ မဝေးအောင် မင်းက ကိုကို့ကိုယ်စားစောင့်ရှောက်ပေးမလား "