ထွန်းထက်အောင်၏အချိန်တကျမှု့ဟာကြောက်စရာပင်ကောင်းလှသည်။
" ၅နာရီ ၂၀ ဆို တကယ် ၅ နာရီ ၂၀ နော် မင်းကတော့ "
" အစ်ကို ဆိုင်အခြေနေ "
" အခြေနေတွေ ဘာတွေလုပ်မနေနဲ့ မင်းရဲ့ project အတွက် ငါလှူမှာပါ။ ငါ့ဆီကို ဒီအချိန်ပဲ မင်းလာတာလေ "
"
" အဲ့လိုမဟုတ်ပါဘူး၊ ဒီနေ့က တကယ် နည်းနည်းသောက်ချင်လို့ လာခဲ့တာ "" ဟ ခန့်သာ မင်းဆရာ တည်ထူးနေပါ့လား "
ခန့်သာ ပြုံးရုံသာ တတ်နိုင်သည်။သူကိုယ်တိုင်လဲ ဆရာဘာဖြစ်နေလဲ သေချာမသိတာကြောင့်ဖြစ်သည်။ဆရာဟာ အရေးတကြီးတတ်ရသည့်ပွဲတွေမှမဟုတ်လျှင်ဒါမျိုးဆိုင်ထိုင်သောက်ပြီး အချိန်ဖြုန်းတတ်သူမျိုးမဟုတ်ပေ။ အိမ်မှာလဲ စျေးကြီးပေ့ဆိုသည့် အရက်မျိုးစုံ၊ ဝိုင်မျိုးစုံရှိသည်။သို့သော် ဆရာသောက်တာတစ်ခါမျှ သူမမြင်ဖူးပေ။
ညဘက်စာသင်ဖို့ရှိနေတာကြောင့် အလွန်အကြူးမဖြစ်အောင်နှင့်မူးဝေမနေဖို့ရာ whisky တစ်ခွက်သာ ထွန်းထက်အောင် သောက်ခဲ့သည်။
" ဆရာ ပင်ပန်းနေရင် ဒီနေ့တစ်ရက်နားလိုက်ပါလား "
" ရတယ် မောင်းတော့ blue ရောက်နှင့်နေတော့မယ် "
ထွန်းထက်အောင်အိမ်ပြန်ရောက်နေသည်မှာ ၁ နာရီခန့်လောက်ပင်ရှိနေသည်။ သို့သော် blue မရောက်လာသေး။ အချိန်မလေးစားတတ်တဲ့ ကလေးမဟုတ်ပေမဲ့ လူငယ်သဘာဝ ခြေလွန်တာမျိုးရှိတာကို နားလည်ပေးနိုင်ပေမဲ့ သူ့ဖုန်းကိုပါ မကိုင်တာကြောင့် ထွန်းထက်အောင် စိတ်တိုလာသည်။
" ဦး , ဦး "
" ရပ်နေ အဲ့မှာ အိမ်ထဲ ဝင်မလာနဲ့ "
သူငယ်ချင်းများနှင့် စကိတ်ပတ်စီးရင်းအချိန်လွန်သွားရခြင်းဖြစ်သည်။ဖုန်းမှာလဲတိုက်တိုက်ဆိုင်ဆိုင်power down သွားတာဖြစ်သည်။
" Blue ဘယ်လိုဖြစ်တာလဲ "
" ဟို ... "
" ခန့်သာ ကိုယ့်အလုပ် ကိုယ်လုပ် "
ခန့်သာမှာ စိတ်ပူလို့ အပြေးသွားခဲ့ပေမဲ့ အဆူခံရသည်မို့ နောက်ပြန်ဆုပ်ခဲ့ရတော့သည်။