အချစ်ဆိုသည့်အကြောင်းရာအားကောင်လေးနားလည်အောင်ပြောပြဖို့ရာအလွန်ပင်စောလွန်းသေးသည်။
အချစ်ဆိုတာ စာလုံးလေး၂ လုံးထဲဆိုပေမဲ့နက်ရှိုင်းသည်၊နားလည်ရခတ်သည်၊လွယ်လင့်တကူထိတွေ့ကစားလို့ကောင်းသည့် အရာမဟုတ်ကြောင်းတော့ပြောပြထားသည်။
နေ့စဉ်နေ့တိုင်း ၇ နာရီကနေ ၈ နာရီထိထွန်းထက်အောင်အိမ်မှာ အသံဆာဆာလေးကိုကြားနေရသည်။ နဂို ဆရာတပည့်၂ ယောက်တည်းနေသည်မို့ အလွန်ပင် တိတ်ဆိတ်လွန်းလှသည်။
" ဦး အဲ့ဒါကြီး မသိပါဘူးဆိုဟာ "
" လေသံကို ပြန်ပြင်စမ်း ငါမင်းနဲ့ရွယ်တူ မဟုတ်ဘူး "
" အဟင့် နားမှ နားမလည်တာကို "
တဖြည်းဖြည်း အသံတွေဆူလာတာမို့ ခန့်သာမနေနိုင်တော့ပဲ အခန်းထဲ ဝင်လာတော့သည်။
" ဆရာ "
တော်ရုံလျှော့မည်မဟုတ်သည့် သူ့ဆရာအကြောင်းသိသည်၊ blue ကလဲ ခေါင်းမာလွန်းသည်။
" ငိုနေတော့ မင်းနားလည်သွားလား ဟမ် "
" ဆရာရယ် "
" ခန့်သာ ကိုယ်မင်းကို အခန်းထဲဝင်လာခွင့်ပြုထားလား "
Blue ကိုချော့မလို့ဝင်လာပေမဲ့ ရှေ့မဆက်ရဲတော့ပေ။ အခန်းထဲမှ ပြန်ထွက်လာလိုက်ရတော့သည်။
" လာခဲ့ ဒီနားကို အဲ့နားမှာ ကပ်ပြီး ငိုမနေနဲ့ "
ထွန်းထက်အောင်ခေါ်တာကို ချက်ချင်းမလာပဲ ပေကပ်ကပ်လုပ်နေသည်မို့ စိတ်ပိုတိုလာသည်။
" တိမ်ပြာမောင် ငါ ၃ ခါထပ်မခေါ်ဘူး "
ထိုမှသာ အနားရောက်လာတော့သည်။
" အဟင့် အဟင့် "
" မျက်ရည်ကို သုပ်ထား၊ ကိုယ်ပြောပြနေတာ ရှင်းရှင်းလေး မင်းသင်ခဲ့ဖူးတဲ့ English စာလိုပဲ မြန်မာမှာလဲ ဗျည်းတွေ သရတွေ ပေါင်းစပ်သရတွေရှိတယ် ဒါတွေပိုင်မှာ စာကြောင်းတွေ ပြောနိုင် ရေးနိုင်မှာလေ "
English စာထက် ပိုခတ်ပါတယ်ဆိုပြီးဂျစ်နေတဲ့ကောင်လေးကို သေချာလေးပြန်ရှင်းပြရတော့သည်။