အလုပ်ခန်းမှ နှာခေါင်းတရှုံရှုံနှင့်ထွက်လာသော blue အား ခန့်သာအအေးလေးတစ်ခွက်တိုက်လိုက်သည်။
သေချာပေါက်ဆူခံရမည်ဆိုတာကို သိနှင့်တာကြောင့်လဲဖြစ်သည်။" Blue "
" ဗျာ "
" အဆင်ပြေရဲ့လား "
ချော့သလိုပြောလာသည်မို့ ပိုငိုချင်လာသည်။
" ခန့်သာ ကလေးချော့ရအောင် မင်းမှာ အချိန်အားနေလား "
နောက်ကျောဘက်မှထွက်လာသည့် အသံကြောင့် blue ရော ခန့်သာပါ ကျောတွေတောင့်တင်းကုန်သည်။ ငိုချင်နေသည့်စိတ်ကလေးမှာလဲ ပျောက်သွားတော့သည်။
" ထမင်းစားမယ် ထမင်းပြင်လိုက်တော့ "
" ဟုတ်ကဲ့ ဆရာ "
ခန့်သာနောက်က လိုက်သွားဟန်ပြုနေသည့်blue အား ထွန်းထက်အောင် တားထားလိုက်သည်။
" ဘယ်ကို လိုက်သွားမှာလဲ ဒီမှာလာထိုင်စောင့်၊ ပြင်ပြီးရင် လာခေါ်လိမ့်မယ် "
ဘာမှမပြောနိုင်သည်ဖြစ်တာကြောင့် sofa မှာသာ အငြိမ်လေးထိုင်စောင့်နေသည်။
" အအေးတွေ အကုန်မသောက်နဲ့ ခဏနေ ထမင်းစားမှာ "
" ဟုတ်... ကဲ့ "
Blue ကိုပြောပြတာဟာ ဆူတဲ့ အဆင့်ကိုမရောက်ခဲ့ပေ။ သူတကယ်များ ဆူတယ်ဆိုတဲ့ပုံစံသာ မြင်သွားရင် နောက်ကို အိမ်တောင်လာတော့မည် မထင်ဟု ထွန်းထက်အောင်တွေးနေသည်။
" ဆရာ ထမင်းစားလို့ရပါပြီ "
ထွန်းထက်အောင် ထသွားပြီးမှ အနောက်ကနေ blue လိုက်လာခဲ့သည်။ အလုပ်ခန်းထဲမှာ အုန်းထမင်းလို့ ပြောခဲ့တာကြောင့် ထမင်းစားပွဲပေါ်မှာ အုန်းသီးကို အသည်းသန်လိုက်ရှာနေသည်။
" ဘာရှာနေတာလဲ blue"
" ကိုခန့်သာ အုန်းသီးရော "
" ဘာအုန်းသီးလဲ "
" ဦးကပြောတယ် အုန်းထမင်းတဲ့ အခုဒီမှာ ထမင်းပဲတွေ့ပြီး အုန်းသီး မတွေ့လို့ "
" ဟ blue ရေ "
ခန့်သာအမှန်ပဲ စိတ်ညစ်သွားပုံရသည်။ထွန်းထက်အောင်ကတော့ ဘာမှဝင်မပြော မသိမသာလေးတော့ပြုံးလိုက်သည်။