ပိတ်ရက်ဖြစ်တာကြောင့်ထွန်းထက်အောင်အိမ်ကိုမနက်တည်းကပင် blue ရောက်နေသည်။သူ့မှာလုပ်စရာတွေအရမ်းများနေဟန်လဲရှိသည်။
အခုလဲထွန်းထက်အောင်နှင့်ခြံထဲမှာထိုင်နေသည်။နှင်းဆီပန်းတွေကိုကြည့်ပြီးတစ်ခုခုပြောချင်နေသည့် blueကို ထွန်းထက်အောင်မှာ မသိချင်ယောင်ဆောင်နေသည်။
" ဦး "
" အင်း "
" ဟိုလေ ဦး LGBT ကို လက်ခံလား "
" ကောင်လေးက ဘယ်လိုထင်လဲ "
" မသိဘူးလေ လက်ခံရင်ခံတယ်၊ မခံရင်မခံဘူးပြောလေ၊ ပြန်မမေးနဲ့လေ "
သိချင်တာမသိရတာကြောင့် blue နှာကစ်နေသည်။
" ကိုယ်က လက်မခံဘူးဆိုရင်ရော ... "
" လက်မခံလို့မရဘူးလေ "
" ဘာလို့လဲ "
" ဟို ဟို ဟာ မသိတော့ဘူးဗျာ "
မျက်နှာတွေ၊နားတွေရဲသည်ထိ ရှက်ပြီးထွက်ပြေးတော့မည့်ကောင်လေးအား ထွန်းထက်အောင်မှလက်ကိုဖမ်းဆွဲထားသည်။
" ကိုယ်က လက်မခံပဲနေမလား အရူးလေးရဲ့ အားလုံးကလူတွေထဲက လူတွေပဲလေ "
လေပြေတိုးသံကဲ့သို့သော အသံဖြင့်ကြူဖြူကြောင့်ပြောလာခဲ့သည့် ထွန်းထက်အောင်အား အနှီးကောင်လေးမှ တောက်ပသောမျက်ဝန်းတွေဖြင့်ကြည့်လာခဲ့သည်။
အပျော်လွန်ပြီးဘာဆက်ပြောရတော့မည်မသိတော့သည့်ကောင်လေးအားထွန်းထက်အောင်သဘောကျနေသည်။သူဖြတ်သန်းလာတဲ့ ဘဝအတွေ့ကြုံအရ၊နှလုံးသားရေးရာ၌ကြုံရတတ်သည့်စိတ်ခံစားချက်တချို့ဟာ ကောင်လေးဆီကိုဝင်ရောက်နေပြီဖြစ်သည်။သူ့ဘဝရဲ့ ပျိုမြင့်သစ်လွင်တဲ့အချစ်ဟာ ကိုယ့်ကြောင့်ဆိုသည့်အတွက် အနည်းငယ်တော့လန့်သွားရသည်။
စိတ်ကစားတတ်သည့်အရွယ်မှာ သူ့အပေါ်ကိုမှ သံယောဇဉ်ကြီးနေသည့်ကောင်လေးအား၊ပြောပြဆုံးမစရာတွေလဲရှိသည်။ဒါဟာ ခံစားချက်အစစ်မှန်ဆိုရင်တောင် သူ့ဖြစ်တည်မှု့ကို ကိုယ်တိုင်လေးစားတတ်အောင်၊ ပိုပြီးလက်ခံတတ်အောင် ၊ ပတ်ဝန်းကျင်အမြင်တွေကို လက်ခံတတ်အောင် ပြောပြထားရမည်။