- Breaking New -
ထွန်းတောက် Company ၏Chair Man ဦးထွန်းထက်အောင်နှင့် မမေမီအောင်တို့၏ မင်္ဂလာပွဲ
လုပ်ငန်းရှင်တွေကြားမှာ ပလောရိုက်နေခဲ့သည်။ထွန်းထက်အောင်လိုမျိုးလူဟာ နယ်ပယ်မျိုးစုံမှ အဆင့်တန်းမြင့်မြင့်မိန်းကလေးတွေကို ရွေးချယ်လို့ရပေမဲ့ သာမာန်သူဌေးတယောက်၏သမီးနှင့်လက်ထပ်သွားသည့်ကိစ္စဟာအလွန်ပင်အံဩစရာကောင်းနေသည်။
" ဟင်း.... "
Blueဟာ မနေ့ညကgame အဆော့လွန်ကာအိပ်ရာထနောက်ကျနေသည်။ သူလိုင်းဖွင့်ချိန်မရပေ။ herry ဆီမှ ဖုန်းတွေ ဆက်တိုက်ဝင်နေသည်။
" ဘာလဲကွာ အိပ်ရေးပျက်ရတဲ့ထဲ "
" blue မင်းအခု လိုင်းပေါ်တတ်ကြည့်လိုက် "
" ငါအိပ်ချင်သေးတယ်လေ "
" မင်းဦး သတင်းကွာ့ ပလောတွေရိုက်..."
တီ တီ တီ
စကားမဆုံးခင်မှာပင် ဖုန်းချသွားခဲ့သည်။ blue လက်တွေဟာFacebook ကိုဖွင့်နေပေမဲ့ vpn ကြောင့် လိုရင်းမရောက်နေပေ။ blue ရင်တွေတုန်နေသည်။ vpn အခြေနေကောင်းတဲ့ အချိန်မှာတော့ သူ၏ Facebook newsfeed မှာအရင်ဆုံးတွေ့ရသည့် သတင်းဟာ သူ့ အသွေးသားတွေကို ပြောင်းပြန်စီးသွားစေသည်။
Blue ဒီတစ်ခါ vpn ကို ကျေးဇူးတင်နေသည်။ စာပဲမြင်နေရတာတောင် သူ့သွေးသားတွေ ရှုပ်ယှက်ခတ်နေသည်။ပုံသာမြင်ရရင် သူအသက်ပါထွက်သွားနိုင်သည်။
သူမယုံနိုင်တာဖြစ်သည်။သူ့ဦးဆီဖုန်းတွေ တောက်လျှောက်ခေါ်နေမိသည်။ မကိုင်ပါ။ စာတွေလဲပို့သည်။ ပြန်စာမလာပါ။ ၁နာရီလောက် ဖုန်းနှင့်အလုပ်ရှုပ်ပြီးသည့်နောက် blue ဒီတိုင်းငြိမ်မနေခဲ့ပေ။ ရေအမြန်ချိုးကာ taxi ငှါးပြီး သူ့ဦး၏ company ထိလိုက်သွားသည်။
ဖြစ်ပျက်နေတာတွေကို ဦးဆီက ဖြေရှင်းချက်လိုချင်သည်။ဒါကြောင့် ဦးနှင့်တွေ့မှကိုဖြစ်မည်။
" မေမီ "
" ကိုထက် လာလေ "
" စောင့်နေတာကြာသွားပြီလား ကိုယ် company ခဏဝင်နေရလို့ "
" ရပါတယ် မကြာပါဘူး "
" ဝတ်စုံက မေမီစိတ်ကြိုက်ရွေးနော် "