ညနေစောင်းသွားပြီမို့အပူရှိန်ကျကာ အနည်းငယ်အေးလာပြီဖြစ်သည်။ ယာဉ်နားစခန်းမှာတစ်ညအိပ်ရမည်ဖြစ်သည်။ တဖြည်းဖြည်းမှောင်ရီသန်းလာတော့ Deny ကသရဲကြောင်း အစဖော်တော့သည်။ သူဖတ်ဖူးသမျှ သရဲကြောင်းတွေကို မမောနိုင် မပန်းနိုင် ပြောပြနေသည်။
Blue တို့မှာကြောက်လွန်းလို့ပူးကပ်နေကြသည်။ မိုင်တိုင် ၁၂၆ ကိုနားထောင်ပြီးချိန်တွင် အပြင်ကိုတောင်မကြည့်ရဲတော့ထိကြောက်နေကြသည်။
ပြောတဲ့ deny ကိုယ်တိုင်သည်လည်း blueတို့သုံးယောက်ကြားထဲတိုးဝင်လာတော့သည်။ လမ်းမှာအစစ်ဆေးတချို့ကြောင့် ကားပိတ်ကာ ခရီးမကြာသင့်ပါပဲပိုကြာနေရသည်။
" အဟင့် "
ငိုချင်နေသည့် အသံလိုမျိုးကြားရသည်မို့ ထွန်းထက်အောင် အနောက်သို့လှည့်ကြည့်လာသည်။ မျက်နှာတွေရဲပြီး အသားတွေတုန်နေသည့်ကောင်ငယ်လေးအားတွေ့တော့ လန့်သွားရသည်။
" ဘာဖြစ်လဲ blue "
" ဦး I want go to the toilet "
သရဲကြောင်းနားထောင်ပြီးကားမရပ်ခိုင်းရဲတဲ့ အချင်းကောင်လေးတွေရယ်ပါ၊ blue တစ်ယောက်တည်းမဟုတ်ကျန်တဲ့ ၃ ယောက်ပါ သွားချင်နေပုံရသည်။
" ခန့်သာ သင့်တော်မဲ့ နေရာတစ်ခုလောက်ကားရပ်လိုက် "
လမ်းဘေးကြီးမှာသွားရတော့မည်ထင်ပြီးရှုံ့မဲ့နေကြတော့သည်။ ထွန်းထက်အောင်သည် ဒါမျိုးလုပ်လိမ့်မဲ့သူမဟုတ်ပေ။ ဆီဆိုင်တစ်ခုကိုရပ်လိုက်ပြီး ဆီဖြည့်ကာ ကောင်လေးတွေအား Toilet သွားစေသည်။
အဲ့နောက် ခရီးဆက်ကြသည်။ ကားရပ်နားစခန်းရောက်တော့ ကောင်လေးတွေက အိပ်ပျော်နေသည်။
" ခန့်သာ ကားစက်နိုးပြီး aircon ဖွင့်ထားပေးလိုက်ပါ မင်းလဲနားတော့ "
" ဆရာကရော "
" ကိုယ်ဆေးလိပ် ခဏသောက်မလို့ "
" ပြဿနာတစ်ခုခုရှိလို့လား "
" အစ်ကို့ကိစ္စပါ "
ခန့်သာသိလိုက်သည်။ဆရာဟာဆေးလိပ်ကို အပျင်းပြေသောက်သူမဟုတ်ပေ။ တော်တော် စိတ်ဖိစီးမှ တစ်လိပ်လောက်သောက်သူဖြစ်သည်။ သောက်ပြီးလျှင်လဲ ဘာအနံမှာ မစွဲအောင်နေသူဖြစ်သည်။ ဆရာ့အစ်ကို ဆရာ့ထက် အသက်သာကြီးတာ ဆရာ့လောက်ပင် မရင့်ကျက်ပါ။ သားဦးဖြစ်တာကြောင့် မိဘတွေက ပိုအလိုလိုက်ခဲ့လို့များလားဟုတွေးမိသည်။မိန်းမပွေရှုပ်တဲ့ ကိစ္စတွေကိုဆရာလိုက်ဖြေရှင်းရတာမနည်းပေ။ အခုလဲ တစ်ခုခုကြီးကြီးမားမားရှိနေပုံရသည်။