Part-11

561 34 3
                                    

ထွန်းထက်အောင်တို့ Project trip ကြီးက အောင်ပန်းဘက်အဆင်းကရွာငယ်ကိုတစ်ခုကိုရောက်ပြီဖြစ်သည်။ ရွာသူကြီးအိမ်မှာပဲ အစားသောက်၊ဆေးဝါး၊အဝတ်ထည်တို့ကို ဝေပေးမည်ဖြစ်သည်။ဆေးကုပေးတာနှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ရွာဆေးခန်းငယ်လေးမှာ လုပ်မည်ဖြစ်သည်။

စရောက်သည့်နေ့မှာပဲ အဖွဲ့တွေဟာ ထွန်းထက်အောင်ချပေးထားသည့် group အတိုင်း အလုပ်လုပ်ကြတော့သည်။ ထွန်းထက်အောင်ကိုယ်တိုင်လဲကျန်းမာရေးစစ်ဆေးမှု့တွေအတွက် လိုအပ်တာတွေပြင်ဆင်နေသည်။

Blue တို့ အုပ်စုမှာ ရောက်ထဲကပင် အရိပ်တောင်မတွေ့ရပေ။ ပုံရိုက်မည်ဟုဆိုကာထွက်သွားကြသည်။ တောင်တန်းဒေသတွေမို့ အသွားလာဂရုစိုက်ဖို့လဲ မှာလိုက်ရသေးသည်။

" ခန့်သာ ဆေးထိုးအပ်ပုံးသွားယူပေးပါအုန်း၊ ကာကွယ်ဆေးတွေက ရေခဲမပျက်စေနဲ့နော် စစ်ခဲ့အုန်း "

" ဟုတ်ကဲ့ ဆရာ "

နေ့တစ်ဝက်လောက်ထိ အလုပ်ရှုပ်ကြသည်။ နောက်ထပ်သွားရမည့်နေရာတွေ ရှိနေသေးတာကြောင့် တစ်နေရာမှာ အကြာကြီးနေလို့ မရပေ။

" ဟင်း... ဘာအနံလဲ "

" မြေပုပ်နံ ဆရာ "

အနံလာရာကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးမြေနီတွေလူးနေသည့် blueဖြစ်သည်။

" ဦး .... "

ခဏလေးတောင် လွတ်ထားပေးလို့ မရကြောင်း ထွန်းထက်အောင်နားလည်လိုက်သည်။ သူတင်မကအပေါင်းပါတစ်ဖွဲ့လုံး ကျွဲလို မြေလူးလာတာဖြစ်သည်။ ဘာဖြစ်လာတာလဲ မမေးခင် ရေအရင်ချိုးခိုင်းရတော့သည်။

" အလို အကိုလေးတို့ မြေတွင်းထဲ ကျလာတာလားဝေ့ "

Blue ဘာမှပြန််ပြောနိုင် ငိုမဲ့မဲ့နှင့်သာ သူ့ဦးကိုကြည့်နေသည်။

" ခန့်သာ ရေချိုးဖို့ လုပ်ပေးလိုက်ပါအုန်း ၊ ပြီးရင် မင်းတို့ ၄ ယောက် ကိုယ့်ကိုစောင့်နေ စကားပြောစရာရှိတယ် "

အပျော်လွန်ပြီးဖြစ်သွားတာတွေ ဘာတွေအသာထား အခုတော့ ခေါင်းကို မိုးကြိုး ၁၀ စင်းပစ်တော့မည်ထင်သည်။ ဦးမျက်နှာက ဘာဖြစ်သွားတာလဲ ခန့်မှန်းလို့မရဘူးဖြစ်နေသည်။သေချာတာကတော့ခဏနေအဆူခံရတော့မည်ဖြစ်သည်။

ရင်နင့်နှင်းဆီငယ်Where stories live. Discover now