ပစ္စည်းတွေဝေရန် အကုန်ပြင်ဆင်ပြီးနှင့်နေပြီဖြစ်သည်။ blue တို့လဲနိုးလာပြီး ထွန်းထက်အောင်အနားသို့မသွားရဲတာကြောင့် ခန့်သာအနားသာကပ်လာကြသည်။
" ဟော့ blue နိုးပြီလား "
" ဟုတ်ကဲ့ ကျွန်တော်တို့ ဘာကူရမလဲ "
" ပစ္စည်းတွေ တစ်ခုဆီဝေမှာဆိုတော့ blue တို့လေးယောက်က တစ်နေရာဆီ တာဝန်ယူပေးလေ "
" ၃ ယောက်ပဲလိုတော့တာ ခန့်သာ "
တာဝန်ကျ အမတစ်ယောက်ပြောလာတာကြောင့် Blue ရယ် herryရယ် deny ရယ် ကတာဝန်ယူပြီး Shine တော့ ကင်မရာကိုင်ကာ မှတ်တမ်းစတင်တော့သည်။
ပစ္စည်းတွေစဝေနေပြီမို့လူတွေ တဖြည်းဖြည်းများလာတော့သည်။ blue တို့ကတော့ ပင်ပန်းတာတောင် မမြင်နိုင်တော့ပဲ ပျော်နေလေသည်။
အားလုံးဝေပြီးသွားသည့်အချိန်မှာတော့လူငယ်လေး ၄ ယောက်ဟာ ရွာက ကလေးတချို့နှင့် ပုံ အတူတူတွဲရိုက်ပြီး ဆော့နေခဲ့သည်။
" ဆရာဝန်လေး ကျွန်မကလေးကလေ ဗိုက်ကြီးပူလာပြီး ခန္ဓကိုယ်က ပိန်လာတယ် "
" ကျွန်တော် ဆေးပေးလိုက်မယ် တိုက်ပေးပါ၊ ဒါကိုသန်ချဆေးလို့ခေါ်တယ်။ နေပြန်ကောင်းသွားရင် အစားမစားခင် လက်တွေကို သေချာဆေးခိုင်းပေးပါ။ မသန့်ရှင်းတဲ့ အရာတွေနဲ့ အစားသောက်ကို မထိတွေ့နဲ့နော်၊ အဲ့ဒါဆို နောက်ကျ ဒီလိုရောဂါမဖြစ်တော့ဘူး "
" ဟုတ်ကဲ့ ...ဝေ့ "
ဆေးကုနေသည့်ထွန်းထက်အောင်နားသို့ blue ရောက်သွားခဲ့သည်။
" ဦး ... "
" ဘာဖြစ်လဲ blue "
" ဒီဘက်ခဏလာပေးပါလား "
သူ၏ coat အနားစကိုဆွဲကာပြောနေသည်မို့ နည်းနည်းလူရှင်းသည့်နေရာသို့ လိုက်လာခဲ့ရတော့သည်။
" ပြော ဘာလိုချင်လို့လဲ "
" ဟိုနားကကလေးရဲ့အမေက လွန်ခဲ့တဲ့ရက်က သေသွားတာတဲ့ "
Blue လက်ညိုးညွှန်ပြတဲ့ဆီကိုကြည့်မိတော့ တခြားကလေးတွေနဲ့အတူမဆော့ပဲ သီးသန့်လေးထိုင်နေတဲ့ ကလေးလေးတစ်ယောက်ကိုတွေ့သည်။