ညခင်း၏မီးပုံပွဲဟာခန့်သာပြောသလိုပင် စည်းကားလှသည်။ဆိတ်သားအကောင်လိုက်ကြီးအား ထင်းရှူးသားနှင့်မွှေးနေအောင်ကင်ထားသည်။
" wow "
မျက်လုံးတွေ တောက်ပနေသည့် deny ကို ဒေသခံလူတချို့က ဆိတ်ကင်တွေ တစ်ပန်းကန်ကြီးပေးလိုက်သည်။
" ဟျောင့်တွေ လာကွာ အရသာကတော့ ရှယ်ပဲ "
မီးပုံပွဲဘေးမှာ ဆိုကြကကြနှင့် လူကြီးတချို့က လက်လုပ်ဝိုင်တွေ သောက်နေကြသည်။
ထွန်းထက်အောင်မှာ blue တို့နှင့် ခပ်လှမ်းလှမ်းမှာထိုင်နေသည်။ ဆိတ်ကင်စားနေရင်းနှင့်ပင် သူ့ဦးကို သတိရသွားသည်မို့ လိုက်ရှာနေသည်။
" blue ဆရာက ဟိုမှာ "
ခန့်သာညွှန်ပြတော့ သူ့ဦးဟာတစ်ယောက်တည်းထိုင်နေတာဖြစ်သည်။မြင်ချင်တာ မြင်ရပြီမို့ ထသွားဖို့လုပ်သည့်အချိန်၌ ဇာခြည်ဟာ ထွန်းထက်အောင်နားရောက်လာခဲ့သည်။
" မိစ္ဆာမက ငါတို့နေရာကိုလုချင်နေပြီ "
Herry စကားသံကြောင့် ကြည့်လိုက်မိတော့ ထွန်းထက်အောင်နှင့် ဇာခြည်ဟာ စကားတွေပြောကာ ရယ်မောနေသည်။
" blue မင်းတစ်ခုခု မလုပ်ချင်ဘူးလား "
" ငါက ဘာလုပ်ရမှာလဲ "
" လာခဲ့ "
Herry ခေါ်ရာနောက်လိုက်သွားသည်။ herry ဟာ blue ကို ဝိုင်တွေတိုက်နေသည်။ လက်လုပ်အချဉ်ဖောက်ထားတာမို့ အဝင်ပြင်းလွန်းလှသည်။ အတတ်လဲကြမ်းသည်။
ဝိုင်အတော်လေးသောက်ပြီးသည့်နောက် blue တော်တော်ရောက်နေပြီဖြစ်သည်။ ဝိုင်ခွက်ကိုကိုင်ကာ ဒယိမ်းဒရိုင်နှင့် မီးပုံပွဲထဲရောက်သွားသည်။
အသံအတော်လေးဆူလာသည်မို့ ကြည့်မိတော့ blue သောင်းကျန်းနေတာဖြစ်သည်။ ထွန်းထက်အောင် မျက်ခုံတွေ တွန့်ချိုးကုန်သည်။ ခန့်သာတို့ရှိရာကို ကြည့်တော့လည်း သူတို့ မသိပါဘူးဆိုသည့်ပုံစံတွေနှင့်ဖြစ်သည်။
သူဆင်သည့်အကွက်ထဲ ဝင်လာပြီဆိုပြီး herry က ကြိတ်ပျော်နေသည်။ အမူးသမားကတော့ အသိစိတ်တောင် သိပ်မရှိတော့ပေ။ ထွန်းထက်အောင်ခြေလှမ်းကျဲကျဲကြီးတွေဖြင့်ထသွားကာ blue ကို လက်ဆွဲခေါ်နေသည်။