Blue တယောက်စိတ်မငြိမ်းချမ်းနိုင်ဖြစ်နေသည်။ခရီးမှပြန်ရောက်ထဲကပင် သူ့ဦး၏အရိပ်ယောင်ကို ဒီနေ့ထိမမြင်ရတာကြောင့်ဖြစ်သည်။
" အသီးမှာ သရက်
အသားမှာ ဝက်
အရွက်မှာ လက်ဖက်
တိမ်ပြာ့မှာ ဦးထက် "" အသီးမှာ သရက်
အသားမှာ ဝက်
အရွက်မှာ လက်ဖက်
တိမ်ပြာ့မှာ ဦးထက် "မြန်မာစာ မြန်မာစကားဆိုသည့်စာအုပ်အား ဘယ်လိုဘယ်ချိန်က လက်ဆော့ကာ ဝယ်လိုက်မှန်းမသိပေမဲ့ နေကုန်တဲ့ထိအဲ့ဒီ့စာအချိုးကိုသာထိုင်ရွတ်နေလေသည်။
" ပြန်ဆိုပြပါအုန်း "
" ဟာ ဦး "
မျှော်နေသည့်သူကိုမြင်လိုက်ရသည်မို့ blue အတော်ပျော်သွားသည်။
" အိမ်မှာပဲ နေ့တိုင်းလာကစားနေတာလား "
" ကစားနေတာမဟုတ်ပါဘူးနော်၊ စာလုပ်နေတာပါ "
blue ၏အဖြေကို ထွန်းထက်အောင် အတော်လေးသဘောကျနေသည်။ လက်ရေးဝိုင်းဝိုင်းလေးဖြင့်ရေးထားတဲ့ စာချိုးလေးကို တစ်ချက်ကြည့်ကာ ပြုံးမိသေးသည်။
" ကိုယ် မအားဘူး ကောင်ငယ်ကလေး "
" ကျွန်တော်သိတယ် "
" အိမ်မှာလဲ အမြဲမရှိနိုင်ဘူး "
" ကျွန်တော်သိတယ် "
" ကိုယ့်အိမ်မှာ ပြဿနာတွေ နည်းနည်းများနေတယ် "
" ကျွန်တော်သိတယ်၊ ဘာတွေဖြစ်ဖြစ် ဦး အရင်လို အလုပ်တွေ ပြန်အားမဲ့ အချိန်ထိ နေ့တိုင်း လိမ်လိမ််မာမာနဲ့စောင့်နေမှာမို့ မြန်မြန်အားအောင်လုပ်နော် "
မျက်နှာချင်းဆိုင်ထိုင်နေသည့် ထွန်းထက်အောင်ဆီမှ နှင်းဆီခင်းတွေကို ငေးကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို blue ကြားလိုက်ရသည်။
" နှင်းဆီတွေကိုနေ့တိုင်း ကျွန်တော် ရေလာလောင်းပေးတယ်၊ သူတို့နဲ့လဲ စကားပြောတယ် "
" သူတို့က စကားပြန်ပြောလား "
" ဟမ်! သူတို့က ဘယ်လိုပြန်ပြောမှာလဲ ဦးရဲ့ "
" အင်း အင်း တကယ်လို့ ပြန်ပြောနေတယ်ဆို ကိုယ့်ကိုပြောနော်။ ကိုယ့် အသိတွေထဲမှာ အရမ်းတော်တဲ့ စိတ်ကျန်းမားရေး ဆရာဝန်ရှိတယ် "