1

2.6K 55 0
                                    

"ခွပ်!!!!"

"ရော့ကွာ မင်းသောက်မျက်နှာစုတ်ပျက်သွားစေရမယ်"

ထင်သစ်စ သူကိုင်ထားတဲ့ ပုလင်းကွဲ တစ်ခုကို ထိုလူမျက်နှာနားကပ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ မျက်နှာမှာပင် သွေးများပင်စို့လျက် ဘယ်သူဘယ်ဝါအမည်တပ်လို့မရနိုင်အောင်ပင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။ ထင်သစ်စ ရွယ်ထားသောပုလင်းကွဲကို ထိုလူမျက်နှာသို့ထိုးရန် တစ်ချက်လွှဲလိုက်တော့

" ဟေ့ရောင်‌တွေ ကိုလေးကိုဆွဲစမ်းကွာ ဘာမှမထိခိုက်စေနဲ့ကြားလား ကိုလေးတစ်ခုခုဖြစ်လို့ကတော့ မင်းတို့အသက်ကိုဖက်နဲ့ထုပ်ထားကြ"

ထင်သစ်စ အနောက်လှည့်ကြည့်မိတော့ သူ့အဖေ တပည့် နိုင်နိုင်လွင် နှင့်အတူ လူဆယ်ယောက်ဝန်းကျင်လောက် ခေါင်းမိုးပေါ်တက်လာနှင့်ပြီဖြစ်သည်။

"မင်းတို့ ကိုလေးကို မြန်မြန်ခေါ်သွားကြ ငါတို့ဒီမှာကိစ္စကြည့်ရှင်းထားလိုက်မယ်"

သစ်စ ဘာမျှပင်မပြောလိုက်ရချေ။ ထိုလူအုပ်ထဲမှ လူနှစ်ယောက်က ဆွဲ‌ခေါ်သွားခဲ့လေပြီ။

LOYARYA Company ကြီး၏ အမွေစားအမွေခံ တစ်အိမ်လုံးရဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးရတဲ့ ၁၈နှစ်အရွယ်ကောင်းဆိုးလေး။ ငယ်စဉ်ကတည်းက ခုချိန်ထိ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် လိုလေးသေးမရှိ ထားခဲ့ပါသော်လည်း မိုးထိအောင်မီးလောင်တိုက်သွင်းသူ ထင်သစ်စရောင်ခြည်။

တစ်ဦးတည်းသောသားမို့ပင် ဆိုးသမျှ ပေသမျှ အလိုလိုက်ခဲ့ပေမယ့် အသက်၁၈နှစ်ပြည့်သွားသည့်တိုင် မပြောင်းလဲလာသောအချိုးနှင့် ပို၍ သာ၍ဆိုးလာသော အကျင့်စရိုက်များကြောင့် လူသိရှင်ကြားပင် ဖြစ်ကုန်လေ၏။ မိခင်ဖြစ်သူ ဒေါ်စိန်သရဖူနှင့် ဖခင်ဖြစ်သူ ဦးလူမော်နိုင်တို့၏ တစ်ဦးတည်းသော သား၊ ဒေါ် ခိုင်မာသီရိနှင့် ဦးလွင်မိုးခိုင်တို့၏ တစ်ဦးတည်းသောမြစ် လိုရာရကုမ္ပဏီကြီး၏ ဦးဆောင်သူဖြစ်လာမည့်သူ ထင်သစ်စရောင်ခြည်။

" ကဲ ... မင်းအသက်၁၈နှစ်လည်ပြည့်ပြီ ကလေးလည်းမဟုတ်တော့ဘူး မင်းကိုအကုန်လုပ်လို့ရတယ်ပြောထားတယ်နော် ရန်ဖြစ်တာကလွဲလို့ ကျန်တာမင်းကြိုက်တာအကုန်လုပ်လို့ရတယ်ပြောပြီးသား "

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now