7

400 13 0
                                    

ကမ္ဘာတစ်ယောက် ဦးလူမော်နိုင်ရဲ့ လက်အောက်မှာ မလုပ်ခင်အချိန်က သူနေထိုင်တဲ့နယ်မြို့လေးမှာပဲ အခြေကျနေထိုင်ခဲ့သည်။

ကမ္ဘာ့ရဲ့ဖေဖေနဲ့ ဦးလူမော်နိုင်ရဲ့ ခင်မင်ရင်းနှီးမှုကြောင့် ကမ္ဘာအလုပ်ရခဲ့ခြင်းဖြစ်၏။ ကမ္ဘာ့ မေမေကတော့ ငယ်ငယ်ကတည်းကဆုံးပါးသွားတာကြောင့်ဖေဖေနှင့်သာ ဆယ်ကျော်သက်အရွယ်ထိ ကမ္ဘာတူတူနေထိုင်ခဲ့သည်။

ဖေဖေကျန်းမာရေးမကောင်းတဲ့ချိန် သူကိုယ်တိုင်ပင် တခါမှမမြင်ဖူးသောလူတစ်ယောက်ယောက်လာခဲ့သည်။ ထိုသူမှာ ဦးလူမော်နိုင်ရဲ့ ညာလက်ရုံးတစ်ယောက်ဖြစ်ခဲ့သည်။ အကြောင်းရင်းသေသေချာချာမသိခဲ့ရပေမဲ့ ဖေဖေနှင့် ဦးလူမော်နိုင်တို့ရဲ့ဆက်ဆံရေးသည် အခြေအနေတစ်ခုထိရောက်ခဲ့ဖူးသည်ဆိုသည်ကိုပင် သူသတိထားမိ၏။ ထို့နောက်ဖေဖေ ဆုံးပါးသွားသောအခါ ဦးလူမော်နိုင်နှင့် အတူ ကမ္ဘာ လိုက်လာခဲ့ရသည်။

သူနေထိုင်တဲ့ နယ်မြို့လေးကိုတော့ ဖေဖေဆုံးပြီးကတည်းက နှစ်ခါမျှသာပြန်လာခဲ့ဖူး၏။ အခုတစ်ခေါက်မှာတော့ပင် အရင်ကနှင့်မတူ။ သူတစ်ယောက်တည်းမဟုတ်တော့ချေ။ အခြေအနေအကြောင်းကြောင်းကြောင့်သာလျှင် သူ သစ်စကို ခေါ်လာဖို့ဖြစ်လာခဲ့လေပြီ။

...................

ကားဂိတ်တွင် လူအများစည်ကားနေသည်မှာပင် မျက်စိရှုပ်စရာကောင်းလှ၏။ သစ်စတစ်ခါမျှပင် ထိုသို့သောExpressကားများကို မစီးဖူးပေ။ သူကိုယ်တိုင် ဘုမသိဘမသိနှင့် လိုက်လာခဲ့ရခြင်းဖြစ်၏။

" ဟေ့လူ ခင်ဗျား ကျုပ်ကိုဘယ်ခေါ်သွားမို့လဲ"

သစ်စ နောက်ကနေမနည်းပြေးမလိုက်ရုံတမယ်ပြောရလေသည်။ ကမ္ဘာကခြေလှမ်းကျဲကျဲကြီးတွေနဲ့ လျှောက်နေခြင်းဖြစ်သောကြောင့် အနောက်ကပင်လျှင် အသည်းအသန်လိုက်နေရ၏။

"ဟေ့လူ ခေါ်နေတယ်လေ "

"အ...အ...ရှီး....နာလိုက်တာ"

ကမ္ဘာ ရုတ်တရတ်‌လမ်းလျှောက်နေရာမှ ရပ်လိုက်တော့ ထိုကလေးအရှိန်မထိန်းနိုင်ဘူးဖြစ်သွားကာ ခေါင်းနှင့် သူ့ကျောကုန်းကိုဝင်တိုက်မိသွား၏။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now