Steak ကို သုံးယောက်စာအတွက် ချိန်ပြီး လှီးလိုက်ပုံမှာ နာမည်ကြီး Chef တစ်ယောက်အလား ထင်မှတ်သွားစေသည်။
ထိုသူက Steak ပြုလုပ်ရန်အတွက် refrigeratorထဲမှ ချိစ် အတုံး ထုတ်လိုက်၏။ lemon ကိုပါးပါး လှီးပြီး ပန်းကန်ထဲထည့်လိုက်သည်။ ကြော်ညာတစ်ခုပြထားသလိုမျိုး အမြင်ထဲစွဲစေအောင် လှုပ်ရှားနေသည့် အပြုအမူတွေက နာမည်ကျော်Chef တစ်ဦးလိုလို။
Hotplate ကိုဖွင့်ကာ ကြော်အိုးတင်ထားပြီး အနည်းငယ် အိုးပူလာတဲ့ချိန်မှ ချိစ်အတုံးလေးကို ထည့်လိုက်လေ၏။ နောက် Steak သုံးတုံးကို ထည့်၍ မကြပ်တကြပ်ခြေနေထိရောက်အောင်လှိမ့်လိုက်ပုံကလည်း ဆန်းသည်။ နောက်တော့ အပေါ်မှဆားငရုတ်ကောင်းမှုန့်ဖြူး၍ ကြက်သွန်ဖြူပါးပါးလေးများကို ထည့်ချလိုက်၏။ နောက်ဆုံး ချခါနီးရောက်မှ လှီးထားတဲ့ lemonအစိတ်လေးကို Steak ပေါ်သို့ ညှစ်ချလိုက်သည်။ ပြီးနောက် ချက်ပြုတ်ပြီးစီး၍ စားပွဲခုံပေါ်အစီအရီချခင်းလိုက်သည်။
ထိုသူမှာ ကမ္ဘာသစ်မြုံ။
ကမ္ဘာက အတိုက်အခိုက် လုပ်ငန်းပိုင်းကျွမ်းကျင်ရုံမက အချက်အပြုတ်တွင်လည်း လွန်စွာပါရမီပါသည်။ ကိုယ်တိုင် ချက်ပြုတ်စားရတာကိုကြိုက်နှစ်သက်သူဖြစ်ကာ ကွန်ဒိုရောက်တော့လည်း သူကိုယ်တိုင်ပင် ချက်ပြုတ်သည်။ သုံးယောက်စာတွက်ပြင်ဆင်ရတာ သူ့အတွက်မခက်ခဲလှပေ။
အမဲသားsteakကို သစ်စကြိုက်မှန်းသိ၍ မနက်စာအဖြစ်ပြင်ဆင်ထားခြင်းဖြစ်၏။ ထိုကောင်လေးရဲ့ အကြိုက်တွေကိုလည်းစုံစမ်းထားရသေး၏။ ကလေးတစ်ယောက်လိုပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ခံထားရတဲ့အတွက်ကြောင့် ကမ္ဘာထိုလူသားလေးကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် အရိပ်တကြည့်ကြည့် စောင့်ရှောက်ရတော့မည်။
သို့ပေမယ့်သူ အကြမ်းနည်းများနဲ့သာ ထိုကောင်လေးဘေးနားနေရမည်ဟုတွေးထားလိုက်သည်။ ထိုကောင်လေးကိုထိန်းချုပ်ဖို့ဆိုတာ အလိုလိုက်အကြိုက်ဆောင်လို့မရမှန်းသူသိသည်။ မနက်စာအတွက်ပြင်ဆင်လိုက်ပြီးသည်နှင့် အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။
YOU ARE READING
မင်းအလိုကိုလိုက်ပါ့မယ်
Non-Fictionစိတ်ကူးယဉ်ပုံဖော်ထားသော BL ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Main Character ကမ္ဘာသစ်မြုံ x ထင်သစ်စရောင်ခြည်