"ဟယ်လို..... မတွေ့ရတာတောင်တစ်ပတ်ကျော်သွားပြီ....."
Selfကတော့သူ့ပုံစံအတိုင်း အိမ်ရောက်သည်နှင့် တက်တက်ကြွကြွနှုတ်ဆက်လေ၏။
"မင်းလည်း ပင်ပန်းလာရောပေါ့ နားလိုက်ဦး .....ငါညစာပြင်လိုက်မယ်"
"ဟဲဟဲ ....စားရမှာပေါ့.....ကျွန်တော် ဘီယာလည်းဝယ်လာတယ် ....ဟဲဟဲ"
ဘီယာဝယ်လာသံကြားတော့ သစ်စ မျက်လုံးလေးများဝင်းခနဲ လက်သွားလေ၏။။ သူအရက်မသောက်တာပင်ရက်တော်တော်ကြာနေပြီဖြစ်သည်။ အခုရာသီဥတုလေးကလည်း အေးအေးလေးနဲ့ ဘီယာအေးအေးလေးသောက်လိုက်ရရင်ဖြင့် ဘယ်လောက်တောင်အရသာရှိလိမ့်မည်နည်း။
"အိုခေ နှစ်ယောက်လုံး....ဒီနေ့သောက်ကြမယ်....သောက်ချင်နေတာနဲ့အတော်ပဲ....ကျုပ်အတွက် ကြက်ကြော်လေးလုပ်ပေးပါလား"
သစ်စက ကမ္ဘာ့ကို မျက်စလေးပစ်ပြီးပြောတော့ သူမနေနိုငိပါ။ ထိုကလေးအကြိုက်လုပ်ပေးရဦးမည်။
"Sojuလည်းပါလာတယ် ....ဟဲဟဲ...သောက်ကြတာပေါ့....ကျွန်တော်လည်း ခရီးပန်းလာတာ"
သစ်စရော Selfရော နှစ်ယောက်လုံးအတိုင်အဖောက်ညီနေတာကြောင့် ကမ္ဘာဘာမျှပင်ဆက်မပြောဖြစ်တော့ချေ။
"ချီးယားစ်.....one slot...."
အသံအကျယ်ဆုံးနဲ့ အတက်ကြွဆုံးဖြစ်နေသူမှာ သစ်စကိုယ်တိုင်ဖြစ်နေလေ၏။ သုံးယောက်သား တစ်ချိုက်တည်း ဘီယာကိုမော့ချလေတော့၏။
"ကိုကမ္ဘာ မနက်ဖန်ရောက်မှပဲအလုပ်အကြောင်းပြောကျမယ်နော် ....ဒီညတော့ အေးဆေးသောက်လိုက်ဦးမယ်....ဟဲဟဲ...."
"အိုခေ အများကြီးမသောက်ကြနဲ့ မင်းတို့နှစ်ယောက်လုံး"
သစ်စက ကမ္ဘာ့ကို ဘာဖြစ်လဲသောက်မှာဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာလေ၏။ ပြီးလျှင် သူပဲမူးဦးမည်။
"တီးတောင်.....?"
သုံးယောက်သား အရက်သောက်နေတုန်း တော်တော်လေးကောင်းတဲ့အခြေနေရောက်လာလေတော့၏။ ကမ္ဘာကတော့ သိပ်အများကြီးမသောက်ထားပေ။ သုံးယောက်လုံးမိသွားလို့အဆင်မပြေပေ။
အိမ်ရှေ့က ဘဲလ်တီးသံကြားတာကြောင့် ကမ္ဘာအိမ်ရှေ့သို့ထွက်ကြည့်လိုက်၏။ သစ်စမျက်စောင်းများ အိမ်ရှေ့သို့ထွက်သွားသော ကမ္ဘာ့နောက်ကျောထံရောက်ရှိသွားလေ၏။ ဒီချိန်ကြီးဘယ်သူများလာတာပါလိမ့်။ ဟိုမိန်းမများဖြစ်နေမလား။
YOU ARE READING
မင်းအလိုကိုလိုက်ပါ့မယ်
Non-Fictionစိတ်ကူးယဉ်ပုံဖော်ထားသော BL ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Main Character ကမ္ဘာသစ်မြုံ x ထင်သစ်စရောင်ခြည်