သူတို့သုံးယောက်သား ကားပါကင်သို့ ဆင်းလာခဲ့သည်။
သစ်စ အဖေပေးလိုက်သည့် Range rover အမဲရောင်နားကို လျှောက်သွားလိုက်ပြီး..
" ကိုထင် အနောက်မှာ ထိုင်ပါ "
ပြောလည်းပြော ကမ္ဘာ ကားတံခါးဖွင့်ပေးလိုက်သည်။ ချက်ချင်းဆိုပင်လျှင် ကားထဲသို့ဝင်ထိုင်လိုက်သည်။ ထို့နောက် ကမ္ဘာကပါ ဘေးနား ဝင်ထိုင်သည်။
"ခင်ဗျား ရှေ့ကထိုင်လေ"
"ထိုင်ချင်လွန်းလို့မထင်ပါနဲ့ လုံခြုံရေးကြောင့်ပါ"
သစ်စ ဒေါသထွက်မိပြန်သည်။ စကားပြောတာကိုက သူက သူဌေးလားအလုပ်သမားလားမသဲကွဲပေ။ ဘယ်အလုပ်သမားက သူဌေးဘေးနားထိုင်လို့လဲ။ ပြန်ပြောရင်လည်း သစ်စပဲအမှားဖြစ်ဦးမည်။
ကမ္ဘာ တမင်သက်သက်အနောက်မှာထိုင်လိုက်ခြင်းဖြစ်သည်။ ထိုကလေးကို တစ်ချက်ကြည့်မိတော့ မကျေမနပ်တဲ့ရုပ်လေးနဲ့ ကားအပြင်ဘက်ကိုကြည့်နေလေ၏။
သူခုမှသေချာကြည့်မိသည်။ ထိုကလေးရဲ့ မျက်နှာလေးက အနီးကပ်ကြည့်မှ ပို၍ပင် ချောမောနေ၏။ မျက်တောင်များကိုပုတ်ခက်ပုတ်ခက်နှင့် ပါးစပ်ကလည်း ပွစိပွစိလုပ်နေသေးသည်။ သူ ကလေးလေးတစ်ယောက်ကောက်ရသလိုပင် ခံစားရသည်။ ကမ္ဘာ တစ်ချက်ပြုံးလိုက်ရင်း လက်ထဲမှ ဖိုင်ကိုသာ အကြည့်ပို့ထားမိတော့၏။
နှစ်ယောက်သား ဘေးချင်းကပ်ထိုင်နေသောကြောင့် သစ်စကတော့ မျက်လုံးစောင်းကာ ခိုးကြည့်နေမိသည်။ ကမ္ဘာကိုသူ ကြောက်လည်းကြောက်သည်။ သိပ် အထွန့်မတက်ရဲ၊ မျက်လုံးချင်းလည်းမဆုံရဲပေ။ သူလိုလူတစ်ယောက်က ကြောက်ရမည့်သူ ရှိလာမည်ဆိုတာ တွေးတောင်မတွေးထားခဲ့ချေ။
ကုန်တိုက်ရောက်တော့ ရှယ်ရာရှင် အသစ်နှင့်တွေ့ရသည်။ ကမ္ဘာကတော့ အပြင်မှာသာနေခဲ့သည်။ သစ်စနှင့် Self နှစ်ယောက်ထဲသာ အခန်းတွင်းသို့ဝင်သွားကြလေပြီ။
"ကို ပြန်မလာဖြစ်သေးဘူး အလုပ်ကိစတွေလည်းရှိသေးတယ် ကို့ကိုမစောင့်နဲ့"
ကမ္ဘာ ဖုန်းပြောနေစဉ် ဖုန်းချမည်အလုပ် ဖုန်းကိုဆွဲယူသွားခြင်းခံလိုက်ရလေ၏။ သူ့လက်ထဲမှဖုန်းကိုခိုးယူသွားသည့် သစ်စမှာတော့ ရယ်ပြုံးပြုံးနှင့်ဖုန်းကိုနားထောင်နေလေသည် ။ ကမ္ဘာပြန်ပေးဖို့ပြောပေမယ့် မရတော့
YOU ARE READING
မင်းအလိုကိုလိုက်ပါ့မယ်
Non-Fictionစိတ်ကူးယဉ်ပုံဖော်ထားသော BL ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Main Character ကမ္ဘာသစ်မြုံ x ထင်သစ်စရောင်ခြည်