"Schedule လည်း ပြီးပြီဆိုတော့ ဒီနေ့ ည Bar သွားကြမယ် "
အလုပ်ကိစ္စပြီး၍ ကွန်ဒိုပြန်ရောက်တာနှင့် သစ်စအလွန်ပင် ပင်ပန်းသွားရ၏။ တစ်နေ့ကုန်ဟိုသွားလိုက်ဒီသွားလိုက်နှင့် အတော်လေးပင်ညောင်းနေပြီဖြစ်သည်။ ကမ္ဘာက သိပ်မကြိုက်တဲ့မျက်နှာပေးနဲ့လာကြည့်တာကြောင့်
"ဘာလဲ ဖေဖေကဘားမသွားရဘူးလို့မပြောထားဘူးမလား "
" သွားပါ ည ၁၂နာရီမကျော်ရဘူးပြန်ရမယ်"
ကမ္ဘာ အရမ်းမိုးချုပ်ထိမနေချင်ပါ။ အခုချိန်က သတိထားရမဲ့အချိန်ဖြစ်ကာ ဦးလူမော်နိုင်ပြောသွားသော တချို့စကားတွေအရ ထိုကလေးအတွက် အန္တရာယ်ဖြစ်မှာ စိုးရိမ်မိသည်။
"Deal ..But ခင်ဗျားတို့နှစ်ယောက်လုံး ဒီပုံစံနဲ့တော့မလိုက်နဲ့ အကျီသွားလဲချေ အမိုက်စားပုံစံပဲဖြစ်နေရမယ် အိုခေ"
"ကိုထင် သွားလဲလိုက်မယ်ဟဲဟဲ ကျွန်တော်လည်း တစ်နေကုန်ညောင်းနေတာ ပါးစပ်ရောလူရောမနားရဘူး ဘီယာအေးအေးလေး သောက်ချင်နေတာနဲ့အတော်ပဲ ဟဲဟဲ"
SELFကိုယ်တိုင်ကလည်း လူငယ်လူရွယ်လို ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေရသည်ကို သဘောကျသည်။ ထိုသို့ပြောပြီး အခန်းထဲသို့ဝင်သွားလေ၏။
"ခင်ဗျား ရော ဘာလုပ်နေတာလဲ သွားလဲလေ "
မနက်ကဖြစ်ထားသည့် ကိစ္စကိုပင်နှစ်ယောက်လုံး မျက်ကွယ်ပြုထားမိ၏။ သစ်စကိုယ်တိုင်ကပင် သူများprivacy မှန်းသိရဲ့နှင့် လုပ်မိသလိုဖြစ်သွားတော့ သူထိုကိစ္စကိုထပ်မပြောချင် ။ သစ်စပြောပြီး အခန်းတွင်းသို့ဝင်မည်အလုပ် ..
"မနက်က တစ်ယောက်က ရီးစားဟောင်းပါ မင်းသိချင်နေမယ်ထင်လို့"
ရာရာစစထိုသို့ပြောပြီး သစ်စကိုမျက်နှာ လွှဲကာ အခန်းတွင်းသို့ဝင်သွားလေပြီ ။ ဘယ်သူကသိချင်လို့လဲ မေးလဲမမေးပဲနဲ့ အပိုတွေ။
....
မြို့လယ်ခေါင်တည့်တည့်မှာရှိတဲ့ Extra Ordinary barကို သုံးယောက်သား ရောက်ချလာတော့၏။ ဘားအတွင်းသို့ပင် မရောက်သေး လူအများ၏ အကြည့်သည် ကမ္ဘာတို့သုံးယောက်ထံရောက်လာလေ၏။ ကမ္ဘာ့ကိုသာ မိန်းကလေးတော်တော်များများ ကြည့်နေကြခြင်းဖြစ်၏။
YOU ARE READING
မင်းအလိုကိုလိုက်ပါ့မယ်
Non-Fictionစိတ်ကူးယဉ်ပုံဖော်ထားသော BL ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Main Character ကမ္ဘာသစ်မြုံ x ထင်သစ်စရောင်ခြည်