6

526 16 3
                                    

"ဟယ်လို ဆရာ ပြောပါ"

"အေး ...သစ်မြုံ ငါအရေးကြီးပြောစရာရှိလို့ မင်းသေချာနားထောင်မှရမယ် ...အခုမင်းဘေးမှာ ဘယ်သူမှ မရှိဘူးမလား"

"ဟုတ်ဆရာ ပြောပါ ကျွန်တော် တစ်ယောက်တည်းပါ"

"လွန်ခဲ့တဲ့ တစ်နာရီလောက်က ငါတို့လက်နက်တွေ တင်ထားတဲ့ ကား မီးလောင်မှုဖြစ်သွားတယ် အဲ့ဒါငါတော့ အခု နဲနဲရှောင်နေတယ် ဖြစ်နိုင်တာက အစိုးရဘက်ကလည်း ဖြစ်နိုင်သလို ငါတို့နဲ့လုပ်ငန်းပြိုင်တွေလည်း ဖြစ်နိုင်တယ် ဘယ်သူဘယ်ဝါတော့ ငါသေချာမပြောတတ်ဘူး ငါတို့ အလုပ်တွေကိုသိနေတဲ့သူတစ်ယောက်ပဲဖြစ်မယ် "

"ဟုတ် ဆရာ....ဘယ်လိုများဖြစ်စေချင်လဲ"

"အေး မနက်ကပဲ ငါနေတဲ့အိမ်ကို Black Mail တစ်စောင်ရောက်လာတယ် ရေးထားတဲ့စာသားအရ ငါတို့အကြောင်းကောင်းကောင်းသိပြီး ငါနဲ့ငါမိသားစုကို ဟိုး အောက်ထိဆွဲချမယ် ဆိုတဲ့ပုံစံရေးထားတာ"

ကမ္ဘာ သစ်စဖေဖေနဲ့ အလုပ်တွဲလုပ်လာသည့်တောက်လျှောက် ထိုသို့သောအခြေနေပေါင်းများစွာနှင့် ရင်ဆိုင်ရသည်။ သို့ပေမယ့် black mail ပို့ခံရတဲ့အထိဖြစ်ခဲ့ခြင်းမရှိ။

"မင်း ငါ့သားကို ခေါ်ပြီးတစ်နေရာရှောင်နေ အဓိက ငါ့သားအနားမှာ ငါမရှိတော့ ခြိမ်းခြောက်ချင်နေတာဖြစ်မယ် မင်းလည်းသိုသိုသိပ်သိပ်‌နေပါ ဒီကြားထဲ ငါ့သားကိုလည်း သေချာစောင့်ရှောက်ပေး ဖုန်းကငါ့ဘက်ကပဲ contactလုပ်မယ် ငါဆက်မသွယ်မချင်း မင်းလုံခြုံရာမှာ သွားနေပါ "

"ဟုတ်ကဲ့ဆရာ ကျွန်တော်သေချာစောင့်ရှောက်ပါမယ် စိတ်ချပါဆရာ ဆရာလည်း ဂရုစိုက်ပါ"

"အိုခေ စိတ်ချမယ် ကမ္ဘာ"

ထိုသို့ပြောပြီး ဦးလူမော်နိုင်ဖုန်းချသွားလေပြီ။ ကမ္ဘာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကအဖြစ်အပျက်ကို တစ်ဖန်တွေးမိသွား၏။ ဦးလူမော်နိုင်ရဲ့ လုပ်ငန်းတော်တော်များများကို သူဦးဆောင်လုပ်ကိုင်ပေးရ၏။

လွန်ခဲ့တဲ့တစ်နှစ်က ဦးလူ‌မော်နိုင်ရဲ့ တပည့်တစ်ယောက်ရှိဖူးသည်။ စစ်ဆေးရေးတွေ‌တောက်လျှောက်လိုက်ခံရတဲ့ချိန်တုန်းက ဦးလူမော်နိုင် လုပ်ငန်းတစ်ချို့ကို ထိုသူနာမည် နဲ့လွှဲပြောင်းထားခဲ့၏။ ဦးလူမော်နိုင်၏ ငွေကြေးစီးဆင်းမှုတော်တော်များများသည် ထိုမှောင်ခိုလုပ်ငန်းဖြစ်သော လက်နက်ရောင်းဝယ် တင်ပို့ခြင်းမှ အဓိကရ၏။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now