12

362 12 0
                                    

"ဦးလူမော်နိုင်ရဲ့ သားဘယ်နေရာမှာရှိလဲ တစ်ချက်စုံစမ်းထားလိုက် ငါသိချင်တယ်"

"ဟုတ်ကဲ့ပါ ....Boss ...တစ်ပတ်ပဲအချိန်ပေးပါ"

"ရှာပြီး ငါ့ဆီခေါ်လာခဲ့ ..ငါတွေ့ချင်တယ်...ခေါ်ဖို့်လွယ်ဘူးဆိုလည်း...ဘယ်လိုခေါ်လာရမလဲဆိုတာ မင်းသိတယ်နော် ..."

"ဟုတ် Boss နားလည်ပါတယ်...သွားခွင့်ပြုပါဦး"

ဦးဘုန်းခေါင်ဆိုတာ စီးပွားရေးလောကမှာခေသူမဟုတ်။ ‌သူ့ညီလေးထောင်မကျခင်အချိန်တည်းက နာမည်တစ်လုံးနဲ့နေထိုင်လာတဲ့သူဖြစ်၏။ ကျောက်မျက်ရတနာ လုပ်ငန်းအဓိကလုပ်ကိုင်ပြီး ကျောက်အောင်ခဲ့တာကြောင့် စီးပွားရေးအခြေနေပိုမိုကောင်းမွန်လာခြင်းဖြစ်၏။ ဘုန်းခေါင်နှင့်ရဲခေါင် ညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ ရဲခေါင်‌ထောင်မကျခင် အချိန်ကပင် သူတို့၏ စီးပွားရေးလုပ်ငန်းပိုင်းနှင့်ပတ်သက်ပြီးအငြင်းပွားမှု ရှိခဲ့တာကြောင့် ညီဖြစ်သူရဲခေါင်မှာ သူ့လက်အောက်ကနေထွက်သွားလေ၏။ ဦး‌လူမော်နိုင်ရဲ့ လုပ်ငန်းကလည်း ထိုအချိန်ကလျှမ်းလျှမ်းတောက်ဖြစ်ခဲ့တာမို့ ထိုသူ့လက်အောက်သို့ ရဲခေါင်ဝင်သွားခြင်းဖြစ်သည်။

လက်နက်ရောင်းဝယ်ရေး လက်နက်ဖြန့်ချီရေး လက်နက်တင်သွင်းရေး လက်နက်ပြုလုပ်သည့်စက်ရုံတွေအထိ ဦးလူမော်နိုင် ဦးစီးခဲ့သည်။ လက်နက်တင်သွင်းသည့် လုပ်ငန်းများကိုတော့ ညီဖြစ်သူ ရဲခေါင်ကလုပ်ကိုင်ခဲ့ရ၏။ အစိုးရဘက်ကနေ လက်နက်တင်သွင်းသည့် ကိစ္စများကိုလိုက်သည့်နောက်မှာတော့ ညီဖြစ်သူရဲခေါင်မှာ နာမည်ခံလိုက်ရ၏။

ဘုန်းခေါင်ကိုယ်တိုင်ပင်သူ့ညီဖြစ်သူ အစိုးရဘက်ကနေတရားစွဲခံလိုက်ရသည့်အကြောင်းကို အချုပ်ထဲရောက်မှသာသိလိုက်ရ၏။ ငွေရှိသည့်လူတန်းစားများကတော့ ထိုချိန် အေးဆေးပျော်ပါးနေလေသည်။ သူ့ညီနာမည်နဲ့ အကုန်ထိုးချသွားခြင်းဖြစ်တာကြောင့် ပိုင်ဆိုင်မှုအများပင်ချိတ်ပိတ်ခံလိုက်ရ၏။

ရဲခေါင်ထောင်ဒဏ်၈နှစ်ကျခဲ့လေသည်။ သူ့ညီလေးတွက် လုပ်ပေးနိုင်သမျှအကုန်လုပ်ပေးခဲ့ပေမယ့် ယနေ့တိုင် မလွတ်မြောက်ခဲ့ပေ။ ‌ညီဖြစ်သူထောင်ကျနေစဉ်ကာလပတ်လုံး ဦးလူမော်နိုင် ရဲ့အကြောင်းများကို အကုန်စုံစမ်းသည်။ တတ်နိုင်သည့်ဘက်ကနေ တိုက်ခိုက်ဖို့ ပြင်ဆင်သည်။ UK ဘက်ကနေတင်သွင်းလိုက်တဲ့လက်နက်အပြည့်တင်ထားတဲ့ကားတစ်စီးကိုလည်းပေါက်ခွဲပြီး ဖျက်စီးသည်။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now