9

367 15 0
                                    

"အားးးးး ကယ်ပါဦးလို့ ပင့်ကူကြီး "

ထင်သစ်စ အာပြဲကြီးနှင့်အော်နေလေသည်မှာ ခုနှစ်ကြားရှစ်အိမ်ကြားပင်ဖြစ်‌နေလေ၏။ သူ့ကိုယ်သူတန်းလန်းဆိုတာကိုပင်မေ့နေသည်ထင်ရ၏။ အာပြဲနှင့်အော်ပြီး ကမ္ဘာ့ဆီပြေးလာလေသည်။ ပြီးမှသတိရသွားဟန်ရှိကာ ...

"အားးးးးးးး...ခင်...ခင်ဗျား ...ဘာ...ဘာကြည့်တာလဲ"

အသံကျယ်ကြီးနဲ့ထပ်အော်လိုက်တာကြောင့် ကမ္ဘာသစ်စ ပါးစပ်ကိုလက်နဲ့အုပ်လိုက်မိ၏။ ပြီးတော့ ကမ္ဘာက သစ်စမျက်လုံးတွေကိုသေချာကြည့်လိုက်ပြီး အနားတိုးသွားလိုက်သည်။

"တိုးတိုးနေ လူတွေနေပြီ မင်းဟာငါအကုန်တွေ့ပြီးပြီ ငါမှာလည်းရှိတာပဲလေ ...ဟဟ...sizeပဲကွာတာ...ဟား..ဟား..."

ထိုသို့ပြောပြီး သစ်စ ခန္ဓာကိုယ်ကို စုံချည်ဆန်ချည်ကြည့်သွားပြီး ရေချိုးခန်းထဲဝင်သွားလေတော့သည်။ သစ်စမှာတော့ သူ့ဟာလေးကိုလက်လေးနဲ့အုပ်ပြီး နေရာမှာတင်အတောင့်လိုက်ကျန်ခဲ့၏။

ဟိုနေ့ညက မူးခဲ့သည်ကိုပင်နည်းနည်းပြန်မှတ်မိလာလေသည်။ အကြောင်းမှာ sizeအကြောင်း ကမ္ဘာကပြောသွားခြင်းကြောင့်ဖြစ်၏။ သူတို့နှစ်‌ယောက်ရဲ့ပထမဆုံးညတာကရှည်ဦးမည်ထင်ပါသည်။

____

"ထမင်းစားမယ်ထ စားပြီးမှအိပ်"

ထိုကလေး ရေချိုးပြီးထဲကထွက်လာပြီးကတည်းက သူ့ကိုစကားတစ်လုံးမျှပင်မပြောတော့ချေ။ အခန်းထဲစောင်ခေါင်းမူးခြုံပြီးအိပ်နေလေသည်။ ဖျားမှာစိုး၍ကမ္ဘာသွားနှိုးလိုက်ခြင်းဖြစ်၏။

"ကျုပ်စဉ်းစားနေတာ ခင်ဗျားကြီးနဲ့ ဟိုနေ့ညကဘာဖြစ်ခဲ့တာလဲ"

သစ်စ ရှက်ကလည်းရှက်နှင့် အတွေးထဲ ဟိုနေ့ကအဖြစ်ပျက်တစ်ချို့ခေါင်းထဲပြန်ဝင်လာလေ၏။ သူတချို့အကြောင်းအရာများကိုပင်မှတ်မိသည်။ ကမ္ဘာ ငှက်ပျောသီးအကြောင်းပြောတာကိုတော့ ရေးရေးလေးသတိရလာသည်။

စောင်ခေါင်မူးခြုံထဲကနေ ထွက်လာပြီး ကမ္ဘာကို ဘောက်‌ဆက်ဆက်နဲ့ပြောလာလေ၏။ ကမ္ဘာလည်း ထိုကလေးကိုစချင်လာတာကြောင့် ..

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now