17

572 9 2
                                    

SELF မရှိတော့သည်မို့ အိမ်တွင် ကမ္ဘာနှင့် သစ်စနှစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။ ကမ္ဘာတစ်ယောက် ဦးလူမော်နိုင်ရဲ့ ညွှန်ကြားချက်အရ သစ်စ ကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်၍ Selfကိုသာ လှုပ်ရှားခိုင်းလိုက်၏။

သူကိုယ်တိုင်ပင်နားမလည်အောင် တချို့သော ကိစ္စများက ထင်ထားတာထပ်ပို၍ ရှုပ်ထွေးလေ၏။ ဉီးလူမော်နိုင်အကြောင်းကို ဇစ်မြစ်ကအစ ကမ္ဘာမသိသေးတာမို့  အခုအခြေအနေတွေအရ တစ်ယောက်ယောက်နှင့်ရန်ကြွေးရှိနေခြင်းဖြစ်မည်ဟုထင်သည်။

ကမ္ဘာတစ်ယောက်တည်း မနက်စာအတွက်ပြင်ဆင်နေတုန်း အိမ်ရှေ့မှ ဆိုင်ကယ် နှစ်စီးထိုးရပ်လိုက်သည်ကို မြင်၍ လုပ်လတ်စကိုရပ်ပြီး ခြံပြင်သို့ ထွက်သွားလိုက်၏။

"ဘယ်....သူ..."

"ရွှတ်........"

အိမ်ပြင်ရောက်ရောက်ခြင်း ဆိုင်ကယ်ပေါ်တစ်ယောက်ကဆင်းလာပြီး ကမ္ဘာ့ကိုဓားနှင့် ပြေးဝင်ပြီးထိုး‌သောကြောင့် ကမ္ဘာမြန်မြန်ရှောင်လိုက်ရသည်။ သိုပေမယ့် မခန့်မှန်းထားသည့်အခြေအနေမို့ ကမ္ဘာ့ ညာဘက်လက် ဓားနဲ့ မွှန်းခံလိုက်ရ၏။ သွေးများပင်တတောက်တောက် ကျနေပြီဖြစ်သည်။

မနက်ခင်း၇နာရီဝန်းကျင်ဆိုတော့ အိမ်နားမှာလူသူပျက်လျက်။ ဆိုင်ကယ်ပေါ်ကအကုန်ဆင်းလာကြပြီး ကမ္ဘာ့ကိုဘေးပတ်လည်ကဝန်းရံခံလိုက်ရ၏။ ထိုလူလေးယောက်မှာ မျက်နှာများကို ဆိုင်ကယ်ဦးထုတ်ဖြင့်ကွယ်ထားလျက် မည်သူဆိုတာကိုပင် တပ်အပ်ပြောမရ။

"မင်းတို့.....ဘယ်သူတွေလဲ ...."

ကမ္ဘာပြောလိုက်တော့ ထောင်ထောင်မောင်မောင်းနဲ့တစ်ယောက်က အိတ်ထဲကဓားတစ်လက်ကိုဆွဲထုတ်လိုက်ပြီး ကမ္ဘာ့ကိုတိုက်ခိုက်ဖို့ လုပ်‌တော့သည်။
ကမ္ဘာကိုယ်တိုင်က တိုက်ရေးခိုက်ရေးကျွမ်းကျင်သူမို့ အလွယ်လေး သူတို့ဂွင်ထဲမရောက်နိုင်။

ခြေထောက်အောက်နားမှာရှိတဲ့ သဲမှုန့်များကိုယူပြီး ထိုလူ့မျက်နှာကိုပတ်လိုက်တော့ ထိုလူမှာ ကယောင်ကတမ်း မျက်နှာလွှဲရှောင်လိုက်စဉ် အခွင့်အရေးရတာနဲ့ ကမ္ဘာထိုလူ့မျက်နှာကို စောင့်ကန်ချလိုက်သည်။ ဘေးနားကသုံးယောက်ကလည်း အခြေအနေအရ ဓားကိုယ်စီ ဆွဲပြီး စတင်တိုက်ခိုက်တော့သည်။ ထိုလူလေးယောက်အားက ကမ္ဘာ့တစ်ယောက်စာမျှလောက်ပင်ရှိမည်။

You've reached the end of published parts.

⏰ Last updated: Jan 04 ⏰

Add this story to your Library to get notified about new parts!

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now