10

357 11 0
                                    

ကမ္ဘာမနက်အစောကြီးကတည်းက နံနက်စာအတွက် ချက်ပြုပ်ပြင်ဆင်ဖို့ လုပ်သည်။ ဈေးမသွားရသေးတာကြောင့် လွယ်လွယ်ကူကူ ပဲပြုပ်ထမင်းကြော်ပဲလုပ်ထားလိုက်၏။ ဟိုကလေးက မနက်ဆို နွားနို့သောက်တတ်သည်မို့ အနီးနားကရတဲ့နွားနို့ကိုသာဝယ်ထားလိုက်သည်။

ကမ္ဘာတို့အိမ်လေး၏ အနီးတွင်ဈေးတန်းငယ်လေးများမရှိတာကြောင့် တခုခုဆို မြို့မဈေးထိသွားဝယ်ရသည်။ ‌တောင်ပေါ်နယ်မြို့လေးမို့ အစားအသောက်တော့ အရမ်းမရှားပေ။ သွားရေးလာရေးဆိုလျှင်လည်း ဆိုင်ကယ်ကိုသာအဓိကအသုံးပြုကျသည်။ ကမ္ဘာကတော့ သူအိမ်မှာ တစ်ယောက်တည်းနေခဲ့စဉ်ကတည်းက ဖေဖေဝယ်ပေးထားတဲ့ စက်ဘီးလေးကိုသာအသုံးပြု၏။

မြို့မဈေးဆိုတာလည်း သူတို့နယ်မြို့နီးစပ်ရာလူတော်တော်များများ သွားလာနေကျ နေရာလေးဖြစ်၏။ အစားအသောက်လည်းပေါသလို လည်စရာပတ်စရာလေးတွေလည်းရှိ၏။ အိမ်နှင့်ဆိုလျှင် နာရီဝက်လောက်သွားရသည်။ ဒီနေ့လည်း သူ သစ်စကို ‌သူတို့နယ်လေးရဲ့ ထုံးစေတီဘုရားဆီခေါ်သွားချင်သည်။ ဘယ်လောက်ကြည်ညိုဖွယ်ကောင်းကြောင်းနှင့် သူတို့ နယ်မြို့လေးမှာ ဘယ်လောက် သာယာဝပြောကြောင်း မြင်စေချင်၍ဖြစ်သည်။

အချိန်အားဖြင့် 8နာရိကျော်နေပြီမို့ ထိုကလေးကိုနှိုးမှရတော့မည်။ မနိုးခင် သစ်စတွက် မနက်စာနဲ့ ရေချိုးဖို့ သွားတိုက်ဆေး ‌ဆပ်ပြာ တစ်ခါတည်းပြင်ဆင်ပေးထားသေး၏။

ထိုကလေးကို နှိုးမည်အလုပ် ဦးလူမော်နိုင်ရဲ့ဖုန်းကောလ်ဝင်လာလေသည်။ ကမ္ဘာ ဖုန်းကို ချက်ခြင်းပြန်ဖြေလိုက်၏။

"ဟုတ်.....ဆရာ"

"‌အေး အဆင်ပြေလားမင်းတို့"

"ပြေပါတယ် ဆရာ အခုကျွန်တော့်အိမ်ရောက်နေပါတယ်"

"အေး မင်းအိမ်ကိုသွားတာ အဆင်ပြေတယ် မင်းအကြောင်းကိုဘယ်သူ့မှ မသိထားတော့ တော်ရုံလိုက်ဖို့မလွယ်လောက်ဘူး....အခုငါစုံစမ်းထားတာအရ အတွင်းလူမဖြစ်နိုင်ဘူး...အစိုးရဘက်နဲ့ အပြင်လူပဲ အဲ့ဒါကြောင့် abroad သွားလို့လည်းအဆင်မပြေဘူး ...သေချာတော့ဂရုစိုက်ပေးငါ့သားကို ....ငါလည်းဒီမှာ လုံခြုံတယ် ....ငါ့သားကိုလည်း ငါဖုန်းဆက်လိုက်မယ်"

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now