13

342 10 0
                                    

တတောင်တောင်နှင့် မြည်လာသည့် ဖုန်းမက်ဆေ့သံကြောင့် ကမ္ဘာလုပ်လက်စအလုပ်ကို ရပ်ပြီး တစ်ချက်စစ်ကြည့်လိုက်လေ၏။

"ယွန်း"ဆိုတဲ့ နာမည်အောက်မှာတော့ သူ့ကိုဖုန်းဆက်ဖို့အကြိမ်ကြိမ်ပြောထားတဲ့ စာစောင်များနှင့် သူ့မကိုအရင်"ဘာလို့" လာမတွေ့ကြောင်း ပို့ထားတဲ့စာများကိုတွေ့ရလေသည်။

ကမ္ဘာ message boxထဲက ထွက်ပြီး ဖုန်းကိုပိတ်ပစ်လိုက်၏။ သူမနှင့်စကားမပြောချင်သေးတာကြောင့်ဖြစ်သည်။ ငယ်ချစ်ဦးဟုဆိုခဲ့ပေမယ့် ငယ်သူငယ်ချင်းသံယောဇဉ်သာရှိတော့တဲ့ ဆက်ဆံရေးမို့သူမကိုနားလည်စေချင်သည်။ ကမ္ဘာကိုယ်တိုင်ကလည်း သူမကို မေတ္တာမရှိတော့ချေ။ သူငယ်ချင်းသံယောဇဉ်မျှသာကျန်တော့၏။

ကမ္ဘာ့ကို မစောင့်နေဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့လည်း မရခဲ့ပေ။ ဝေးနေစဉ်အချိန်မှာလည်း ကမ္ဘာ့ဆီ အဆက်သွယ်မပျက်အောင် အမြဲတမ်းဖုန်းခေါ်သည်။ သူမ စောင့်နေမည့်အကြောင်းများနှင့် ကမ္ဘာ့ကို သူမဘယ်လောက်ချစ်သေးကြောင်း အကြိမ်ကြိမ်ကြားရသည်။

သို့သော် ကမ္ဘာ့အတွက်ကတော့ အလုပ်သည်သာပထမ အလုပ်သည်သာဒုတိယဖြစ်သည်။ ဦးလူမော်နိုင်ရဲ့လက်အောက်မှာနေခဲ့တဲ့တစ်လျှောက်လုံး သူ သစ္စာရှိရှိနှင့် အလုပ်ကိုပင် အာရူံစိုက်ပြီး လုပ်ပေးခဲ့၏။

သစ်စ ရောက်လာတဲ့အခါမှာတော့ သူစိတ်ထဲမှာအလုပ်ထက်ပိုအရေးကြီးတဲ့ခံစားချက်တွေ နွေးထွေးစွာနှင့်ပေါက်ဖွားလာမိ၏။ ကမ္ဘာ တစ်သက်မှာ ဒီကောင်လေးကိုတော့ ခလုတ်မထိ စူးမငြိအောင် ကာကွယ်ပေးချင်သည်။

ကမ္ဘာတစ်ယောက် ထိုခံစားချက်များကိုတော့ မျက်ကွယ်ပြုချင်ခဲ့မိပါ၏။

____

"ဒီနေ့ Self လာလိမ့်မယ် ...... ဒီရက်ပိုင်းသွားစရာရှိလို့ ...သူနဲ့အဆင်ပြေအောင်နေ...."

သစ်စ ဖုန်းသုံးနေရင်း ဆိုင်းမဆင့်ဘုံမဆင့် Selfရောက်လာမည့်အကြောင်းကို ကမ္ဘာကပြောလိုက်တော့ သစ်စခေါင်းထဲ အတွေးပေါင်းစုံဝင်လာလေတော့သည်။ ဒီအိမ်ကို တခြားမည်သူမျှမသိတဲ့နေရာမို့သာ သစ်စကို ခေါ်လာခဲ့ခြင်းဟူ၍ ကမ္ဘာကပြောခဲ့ခြင်းကြောင့်ဖြစ်မည်။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now