15 ⚠️

807 18 0
                                    

Warning ⚠️

သစ်စကို ကမ္ဘာအိမ်ထဲအတင်းဆွဲခေါ်လာလိုက်ရ၏။ Self  က တော့ ဧည့်ခန်းဆိုဖာ‌ပေါ် မှောက်နေလေပြီ။

"ထင်သစ်စ...အိပ်‌တော့..မင်းများ‌နေပြီ"

"ကျုပ်အခန်းထဲ လိုက်ပို့‌ပေး...."

သစ်စဂျိုင်းကနေ လက်တစ်ဖက်လျှိုသွင်းပြီး ကမ္ဘာ့ ပခုံးပေါ် မှီစေကာ အခန်းထဲပို့ဖို့ပြင်လိုက်၏။

အခန်းထဲရောက်သည်နှင့် သစ်စ ကမ္ဘာ့ ကိုပါ အိပ်ယာပေါ် တွန်းချလိုက်၏။

"ဒီည ကျုပ်နဲ့နေပေးပါလား"

အိပ်ယာပေါ်တွန်းချလိုက်ပြီး ကမ္ဘာ့ကိုယ်ပေါ်တက်ကာ ထွေထွေလေး ကြည့်လိုက်တော့၏။ သစ်စ၏ ရီဝေဝေအကြည့်များသည် ကမ္ဘာ့ဖို့ ရုံးထွက်ဖို့ပင် ခဲယဉ်းနေပြန်သည်။ ကလေးမုန့်ပူဆာသလို ပူဆာနေတာ ဖြစ်တာကြောင့် သစ်စမျက်နှာလေးကို ကမ္ဘာလက်နှင့်တွန်းလိုက်၏။

"မင်းမူးနေပြီ"

သစ်စ ကမ္ဘာ့ကိုယ်ပေါ်ကမခွါဘဲ မျက်လုံးချင်းလည်းမလွှဲ ကမ္ဘာ့ကိုဆက်ကြည့်နေလေသည်။ မှုန်ပြပြ မီးအိမ်အောက်မှာတော့ ကလေးတစ်ယောက်က "ဖိုးဖလံ မီးပုံတိုး" ဆိုသလို ရဲတင်းစွာ စွန့်စားချင်နေလေ၏။ ကမ္ဘာ  သစ်စခန္ဓာကိုယ်လေးကို အတင်းဖယ်ဖို့ လုပ်တော့လည်းမရပေ။ အတင်းဖိကပ် ခံထားရလေ၏။

"ကျွန်တော် ....တောင်းပန်ပါတယ်....ကျွန်တော်နဲ့နေပေးပါ......ခင်ဗျား ကျွန့်တော့်ကို မလိုချင်ဘူးလား"

ထင်သစ်စက အသံကို ညုတုတုလေးလုပ်ကာ ပြောလာလေသည်။ မျက်လုံးတွေကလည်း ခပ်စင်းစင်းအနေအထားမှာရှိ၏။

ထိုကလေး ကမ္ဘာ့အဖြေကိုမစောင့်နိုင်တော့ဘဲ သူ့လက်များက ကမ္ဘာ့အနွေးထည်အောက်ထဲထိ လျှိုဝင်လာလေတော့သည်။ ပြီးတော့ အဆင့်တက်ကာ ကမ္ဘာ့မျက်နှာနား တိုးကပ်လာပြီး ရီဝေသောမျက်လုံးများနှင့် ကမ္ဘာ့ကိုတစ်ချက်ပြုံးကာ နှုတ်ခမ်းများကို စတင်နမ်းရှိုက်တော့၏။

ကမ္ဘာကိုယ်တိုင်ကပင် ငြိမ်ခံနေမိ၏။ မမျှော်မှန်းထားသလိုတွေဖြစ်လာတော့ သူကိုယ်တိုင်လည်း အခုခံစားချက်ကြီးကို အမျိုးမည်မသိခံစားနေရတော့၏။ ဒီအခြေနေကနေတော့ ကမ္ဘာထပ်ပြီး ရှောင်ဖယ်ဖို့ မကြိုးစားချင်။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now