Unicode
ဟဲကျင့် သည် ဒုတိယမြောက် ကန်တင်းမှ ဝက်နံရိုးချိုချဉ် နှင့် ဂေါ်ဖီအသားအနှစ် ကို မှာယူခဲ့ပြီး နေ့လည်စာဘူး ကို ကိုင်ဆောင်ကာ အဆောင်ခန်း သို့ အေးအေးလူလူ လမ်းလျှောက်၍ ပြန်လာခဲ့သည်။
အိပ်ဆောင်သို့သွားရာလမ်းတစ်လျောက်တွင် ဂင်ဂို(ယပ်တောင်ပုံ) အပင်များစွာ ရှိနေပြီး နင်းလိုက် သောအခါတွင် အသံအနည်းငယ်ထွက်လာတတ် သော ရွှေရောင်ပန်ကာသဏ္ဍာန် ဝါညိုရောင် သစ်
ရွက်ခြောက်များစွာ ကြွေကျနေလေသည်။
[T/N:ဂင်ဂိုသစ်ရွက်ပုံပါ။]
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သူ့ဘေးမှ လှပပြီး သပ်ရပ်တဲ့ ၀တ်စုံလေးများဖြင့် ရယ်မောပျော်ရွှင်နေသော မိန်းကလေးတစ်စု ဖြတ်သွားကြသည်။
သူတို့လက်ထဲမှာတော့ အားကစားသမားများကို အားပေးရာတွင် သုံးသော ရောင်စုံအမွှေးဖွား မျိုးစုံကို ကိုင်ဆောင်ထားသည်။
သူတို့၏ စကားဝိုင်းတွင် "တင်းနစ်" နှင့် "ကျောင်းIdol" ဟူသော စကားလုံးများနှင့်ပြည့်နှက် နေသည်။
ထို့သို့သော စကားလုံးများကို ဆောင်းဉီးနှောင်းပိုင်း တွင် အေးမြသော အအေးဓာတ်ကို ပင် မမူ့ကာ စိတ်အားထက်သန်မူဖြင့် ပြောဆိုနေကြသည်။
ဒီလိုရာသီဉတုမှာ သူတို့ရဲ့ ခြေတံရှည်တွေကို ဖော်ပြထားသည်ကို ကြည့်ကာ ဟဲကျင့်သည် အေးသဖြင့် ကြက်သီးမထအောင်တောင်မတားဆီးနိုင်ခဲ့ပေ။
အရှေ့ရှိလမ်းသည် ကျောင်း၏တင်းနစ်ကွင်းဆီသို့ သွားရာလမ်းဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ပြိုင်ပွဲကြီးတစ်ခုကျင်းပပုံရသည်။ ထို့အပြင် မိန်းကလေးများပြောနေကြသော "ကျောင်းIdol" လေးသည်ထိုပြိုင်ပွဲတွင်ပါ၀င်မည်ဟုကောလဟာလလည်း ရှိလေသည်။
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
Любовные романыAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~
