045:ရှုံးတာကို ဝန်မခံနဲ့

1.2K 219 8
                                    

Unicode

တစ်ဖက်လူ၏နောက်ပြောင်နေသည့်လေသံသည် လည်း ဟဲကျင့်ကို အနည်းငယ် မခံမရပ်နိုင် ဖြစ်စေသည်

"ဒါဆို မင်းဘယ်နှမှတ်ရမယ်ထင်လဲ?"

ချင်ယွီ:  "မင်းငါ့ကို ညစာ ကျွေးမယ်ဆိုရင်တော့ မင်: အရင်ကရခဲ့တဲ့ အမှတ်လောက်တော့ရရမှာပေါ့"

ဟဲကျင့်ကရယ်ကာဆို၏

"မင်းရဲ့ ပန်းတိုင်က မြင့်မားလှချည်လား!"

ချင်ယွီ က သူ့ကို တစ်ချက်ကြည့်လိုက်တယ်

"ငါမလုပ်နိုင်ဘူးထင်လို့လား?"

ဟဲကျင့် : "အဲ့လိုတော့မဟုတ်ပါဘူး ငါ မင်းကို Grammar အကြောင်းပဲ သင်ပေးခဲ့တာလေ  မင်းရဲ့ အဆင့်ကို ငါမသိဘူး။ ဒါပေမယ့် စာမေးပွဲတွေမှာ ရည်မှန်းချက် ကို မထားသင့်ဘူးလို့ငါ ထင်တယ် အဲဒီရည်မှန်းချက် မအောင်မြင်ရင် မင်းပိုစိတ်ပျက်ရလေပဲ။ မနှစ်က ငါရဲ့ ရမှတ် 680 ဟာ ကံကောင်းသွားရုံပဲ ငါ့အစမ်းဖြေကြည့်သမျှ က 650 လောက်ပဲ ရလေ့ရှိတာ"

ချင်ယွီကလက်မခံချင်သေးဘဲ "ဒါဆို မင်းထက် ငါကအမှတ်များခဲ့ရင်?"

ချင်ယွီ က သူ 650 ကို ရချင်တယ် ဆိုရင် ဖြစ်နိုင်ချေက တော်တော်များနေသေးတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က 680 ကို လွယ်လွယ်နဲ့ ရနိုင်ရင် ဟဲကျင့် ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂျူနီယာတချို့ကို ပို့ချပေးဖို့ တောင်းဆိုမှာ တောင် ဟုတ် မနေဘူး

"အိုး မင်း ရမှတ်က ငါ့ထက်တကယ်ပိုမြင့်ခဲ့ရင် ငါမင်းကို ကောကော လို့ခေါ်မယ်လေ"

နှစ်အတော်ကြာအောင် အတင်းအကြပ် လေ့လာပြီးနောက် ဟဲကျင့်  စိတ်ထဲမှာ အယုံအကြည်အရှိဆုံးအရာက သူ့စာမေးပွဲရလဒ်ပါပဲ။ ပြောစရာမလိုအောင် လွန်ခဲ့တဲ့ တစ်လလောက်က ချင်ယွီ က  သူ grammar ညံ့တယ်လို့ ပြောနေတုန်းပဲ အချိန်
အနည်း ငယ်အတွင်းမှာ သူ ဘယ်လောက်တိုးတက်နိုင်မှာလဲ?

ချင်ယွီ : "မင်းငါ့ကို ကောကော လို့ ခေါ်ရင်တောင် ကြားရတဲ့အခိုက်အတန့် တခဏစာလေးပဲ လေ  ဒါပေမယ့် အဲဒါက နောက်ပိုင်း စိတ်ဝင်စားစရာမရှိတော့ဘူး"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now